ဖိလစ္ပိုင္ အိမ္အကူကို သတ္သူ လက္ဘႏြန္မွာ ဖမ္းမိ

0
268

ကူဝိတ္မွာ ဖိလစ္ပိုင္ အိမ္အကူကို သတ္ၿပီး ေရခဲေသတၱာထဲ ထည့္ထားတဲ့ အိမ္ရွင္ကို တစ္ပတ္ၾကာ စံုစမ္းရွာေဖြၿပီးေနာက္ ကူဝိတ္ရဲေတြက ဖမ္းဆီးလိုက္ပါတယ္။

၁ ႏွစ္ၾကာ ေပ်ာက္ဆံုးေနတဲ့ ဖိလစ္ပိုင္ အိမ္အကူ ဂ်ိဳအန္နာ ဒမ္မာဖိလစ္ (၂၉ ႏွစ္) ကို အိမ္ရွင္ တိုက္ခန္းထဲက ေရခဲေသတၱာထဲမွာ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ အိမ္ရွင္ျဖစ္သူ နာဒါ အက္ဆန္ အာဆတ္ကို လက္ဘႏြန္မွာ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

မစၥ ဒမ္မာဖိလစ္ အသတ္ခံရမႈဟာ ဖိလစ္ပိုင္ႏိုင္ငံသားေတြကို ေဒါသထြက္ေစၿပီး သမၼတ ဒူတာေတးက ကူဝိတ္ကို သြားေရာက္ အလုပ္လုပ္ကိုင္ခြင့္ ပိတ္ပင္လိုက္သလို ကူဝိတ္ရွိ အလုပ္သမားေတြကိုလည္း ေလယာဥ္လက္မွတ္ အခမဲ့စီစဥ္ေပးၿပီး ျပန္ေခၚခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် အိမ်အကူကို သတ်သူ လက်ဘနွန်မှာ ဖမ်းမိ

ကူဝိတ်မှာ ဖိလစ်ပိုင် အိမ်အကူကို သတ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားတဲ့ အိမ်ရှင်ကို တစ်ပတ်ကြာ စုံစမ်းရှာဖွေပြီးနောက် ကူဝိတ်ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

၁ နှစ်ကြာ ပျောက်ဆုံးနေတဲ့ ဖိလစ်ပိုင် အိမ်အကူ ဂျိုအန်နာ ဒမ်မာဖိလစ် (၂၉ နှစ်) ကို အိမ်ရှင် တိုက်ခန်းထဲက ရေခဲသေတ္တာထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင်ဖြစ်သူ နာဒါ အက်ဆန် အာဆတ်ကို လက်ဘနွန်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

မစ္စ ဒမ်မာဖိလစ် အသတ်ခံရမှုဟာ ဖိလစ်ပိုင်နိုင်ငံသားတွေကို ဒေါသထွက်စေပြီး သမ္မတ ဒူတာတေးက ကူဝိတ်ကို သွားရောက် အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်သလို ကူဝိတ်ရှိ အလုပ်သမားတွေကိုလည်း လေယာဉ်လက်မှတ် အခမဲ့စီစဉ်ပေးပြီး ပြန်ခေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)