
0
289


 



>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကနေဒါ လူသတ်သမား လူ ၆ ဦး သတ်မှုနဲ့ စွဲချက်တင်ခံရ

လူတွေကို သတ်ပြီး ပန်းအိုးတွေ အောက်ခြေမှာ မြှုပ်လေ့ရှိတဲ့ ကနေဒါ လူသတ်သမားကို စုံစမ်းစစ်ဆေးပြီးနောက် လူသတ်မှု ၆ မှုနဲ့ တရားစွဲလိုက်ပါတယ်။

ဘရုစ် မက်ခ် အာသာ (၆၆ နှစ်) ကို မနေ့က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ရုံးထုတ်ပြီး သူရဲ့ ချစ်သူဟောင်း သီရိလင်္ကာကနေ လာရောက် ခိုလှုံသူ နာဗာရတ်နမ် ကို သတ်ဖြတ်မှု စစ်ဆေးပါတယ်။ ဥယျာဉ် အလှဆင်သူ မက်ခ် အာသာဟာ ဂေးတစ်ဦးဖြစ်ပြီး သူ သတ်ခဲ့တဲ့လူတွေကို ဥယျာဉ် အလှပြင်ဖို့ အပ်နှံသူတွေရဲ့ ခြံထဲက အပင်တွေအောက်မှာ မြှုပ်ခဲ့သူ ဖြစ်ပါတယ်။

ပျောက်ဆုံးသွားတဲ့ အင်ဒရူး ကင်းစ်မန်း (၄၉ နှစ်)၊ ဆလင်း အက်ဆန် (၄၄ နှစ်) တို့နဲ့ ပတ်သက်ပြီး မက်ခ် အာသာကို ဇန်နဝါရီ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးပြီးနောက် ဆိုရပ် မာမူဒီ၊ မာဂျစ် ကေဟန်နဲ့ ဒိယက် လီဆိုဝစ်ခ် တို့ကို သတ်မှုနဲ့ပါ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)