ျပင္သစ္ အမ်ိဳးသမီး ၁၀ ဦးမွာ ၁ ဦးႏႈန္း အဓမၼျပဳက်င့္ခံရဖူး

0
263

 

ျပင္သစ္ႏိုင္ငံမွာ အမ်ိဳးသမီး ၁၀ ဦးမွာ အနည္းဆံုး ၁ ဦးဟာ သူတို႔ တစ္သက္တာမွာ အဓမၼျပဳက်င့္မႈကို ခံရဖူးတယ္လို႔ စစ္တမ္းတစ္ရပ္က ေဖာ္ျပပါတယ္။

စစ္တမ္းေျဖဆိုတဲ့ အဓမၼျပဳက်င့္ခံရသူ အမ်ိဳးသမီး ထက္ဝက္က သူတို႔ဟာ ကေလးဘဝ နဲ႔ ဆယ္ေက်ာ္သက္ အရြယ္မွာ အဲဒီလို ျပဳက်င့္ခံရတာလို႔ ေျပာၾကပါတယ္။ ေျဖဆိုသူ ၅ ဦးမွာ ၂ ဦးႏႈန္းျဖစ္တဲ့ ၄၂ ရာခိုင္ႏႈန္းက အဲဒီလို အဓမၼျပဳက်င့္မႈဟာ သူတို႔ေနအိမ္မွာ ျဖစ္ခဲ့ၾကတာလို႔ ေျပာပါတယ္။ ေျဖဆိုသူ ၅ ရာခိုင္ႏႈန္းက အဓမၼျပဳက်င့္ခံရမႈဟာ ၁ ႀကိမ္မက ျဖစ္ခဲ့တယ္လို႔ ေျပာပါတယ္။

ယန္း ယူးရက္စ္ ေဖာင္ေဒးရွင္းက အမ်ိဳးသမီး ၂၁၆၇ ဦးကို ေမးျမန္းခဲ့ရာမွာ ၁၂ ရာခိုင္ႏႈန္းက ‘အၾကမ္းဖက္မႈ၊ အတင္းအက်ပ္ ေစခိုင္းမႈနဲ႔ အံအားသင့္ဖြယ္ လိင္ပိုင္းဆိုင္ရာ က်ဴးေက်ာ္မႈ’ ကို ခံစားရတယ္လို႔ ေျပာၾကပါတယ္။ ‘အၾကမ္းဖက္မႈ၊ အတင္းအက်ပ္ ေစခိုင္းမႈနဲ႔ အံအားသင့္ဖြယ္ လိင္ပိုင္းဆိုင္ရာ က်ဴးေက်ာ္မႈ’ ဆိုတာ ျပင္သစ္ဥပေဒမွာ မုဒိမ္းမႈကို ေျပာတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြင်သစ် အမျိုးသမီး ၁၀ ဦးမှာ ၁ ဦးနှုန်း အဓမ္မပြုကျင့်ခံရဖူး

ပြင်သစ်နိုင်ငံမှာ အမျိုးသမီး ၁၀ ဦးမှာ အနည်းဆုံး ၁ ဦးဟာ သူတို့ တစ်သက်တာမှာ အဓမ္မပြုကျင့်မှုကို ခံရဖူးတယ်လို့ စစ်တမ်းတစ်ရပ်က ဖော်ပြပါတယ်။

စစ်တမ်းဖြေဆိုတဲ့ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီး ထက်ဝက်က သူတို့ဟာ ကလေးဘဝ နဲ့ ဆယ်ကျော်သက် အရွယ်မှာ အဲဒီလို ပြုကျင့်ခံရတာလို့ ပြောကြပါတယ်။ ဖြေဆိုသူ ၅ ဦးမှာ ၂ ဦးနှုန်းဖြစ်တဲ့ ၄၂ ရာခိုင်နှုန်းက အဲဒီလို အဓမ္မပြုကျင့်မှုဟာ သူတို့နေအိမ်မှာ ဖြစ်ခဲ့ကြတာလို့ ပြောပါတယ်။ ဖြေဆိုသူ ၅ ရာခိုင်နှုန်းက အဓမ္မပြုကျင့်ခံရမှုဟာ ၁ ကြိမ်မက ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ယန်း ယူးရက်စ် ဖောင်ဒေးရှင်းက အမျိုးသမီး ၂၁၆၇ ဦးကို မေးမြန်းခဲ့ရာမှာ ၁၂ ရာခိုင်နှုန်းက ‘အကြမ်းဖက်မှု၊ အတင်းအကျပ် စေခိုင်းမှုနဲ့ အံအားသင့်ဖွယ် လိင်ပိုင်းဆိုင်ရာ ကျူးကျော်မှု’ ကို ခံစားရတယ်လို့ ပြောကြပါတယ်။ ‘အကြမ်းဖက်မှု၊ အတင်းအကျပ် စေခိုင်းမှုနဲ့ အံအားသင့်ဖွယ် လိင်ပိုင်းဆိုင်ရာ ကျူးကျော်မှု’ ဆိုတာ ပြင်သစ်ဥပဒေမှာ မုဒိမ်းမှုကို ပြောတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)