လံုၿခံဳေရး အတားအဆီးေတြကို ကားနဲ႔ဝင္တိုက္လို႔ အိမ္ျဖဴေတာ္ဝန္းက်င္ ပိတ္

0
268

လံုၿခံဳေရးအရ အတားအဆီး ခ်ထားတဲ့ တစ္ေနရာကို ကားတစ္စီးက ဝင္တိုက္တဲ့အတြက္ အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ဝန္းက်င္မွာ ပိတ္ဆို႔ထားခဲ့ရပါတယ္။

အမ်ိဳးသမီးတစ္ဦး ေမာင္းလာတဲ့ ကားက အိမ္ျဖဴေတာ္ အရံအတား တစ္ေနရာကို တိုက္မိတာ ျဖစ္ေပမယ့္ ၿပိဳလဲပ်က္ဆီးတာ မရွိဘူးလို႔ ေထာက္လွမ္းေရးက ေျပာပါတယ္။ လံုၿခံဳေရး တပ္ဖြဲ႔ကလည္း အလ်င္စလို မပစ္ခတ္ခဲ့သလို ရဲေတြလည္း ဒဏ္ရာရတာ မရွိခဲ့ပါဘူး။

အခင္းျဖစ္ပြားခ်ိန္မွာ သမၼတ ေဒၚနယ္ ထရမ့္က ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ မယ္လ္ကြန္ တန္ဘူးလ္နဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႔ဆံုေနခ်ိန္ ျဖစ္ပါတယ္။ အရံအတားေတြကို ဝင္တိုက္မိတဲ့ ကားေမာင္သူ အမ်ိဳးသမီးက တစ္စံုတစ္ေယာက္ကို ထိခိုက္ေစလိုတဲ့ ဆႏၵမရွိဘူးလို႔ ေထာက္လွမ္းေရးေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လုံခြုံရေး အတားအဆီးတွေကို ကားနဲ့ဝင်တိုက်လို့ အိမ်ဖြူတော်ဝန်းကျင် ပိတ်

လုံခြုံရေးအရ အတားအဆီး ချထားတဲ့ တစ်နေရာကို ကားတစ်စီးက ဝင်တိုက်တဲ့အတွက် အမေရိကန် သမ္မတ အိမ်ဖြူတော်ဝန်းကျင်မှာ ပိတ်ဆို့ထားခဲ့ရပါတယ်။

အမျိုးသမီးတစ်ဦး မောင်းလာတဲ့ ကားက အိမ်ဖြူတော် အရံအတား တစ်နေရာကို တိုက်မိတာ ဖြစ်ပေမယ့် ပြိုလဲပျက်ဆီးတာ မရှိဘူးလို့ ထောက်လှမ်းရေးက ပြောပါတယ်။ လုံခြုံရေး တပ်ဖွဲ့ကလည်း အလျင်စလို မပစ်ခတ်ခဲ့သလို ရဲတွေလည်း ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

အခင်းဖြစ်ပွားချိန်မှာ သမ္မတ ဒေါ်နယ် ထရမ့်က သြစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွန် တန်ဘူးလ်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံနေချိန် ဖြစ်ပါတယ်။ အရံအတားတွေကို ဝင်တိုက်မိတဲ့ ကားမောင်သူ အမျိုးသမီးက တစ်စုံတစ်ယောက်ကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိဘူးလို့ ထောက်လှမ်းရေးတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)