သမ္မတဒူတာတေးရဲ့ မူးယစ်စစ်ဆင်ရေးကို ဝေဖန်တဲ့ အမျိုးသမီး လွှတ်တော် အမတ် ဖမ်းဆီးခံရ

0
283

ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့မူးယစ်စစ်ဆင်ရေးကို တစိုက်မတ်မတ် ဆန့်ကျင်ခဲ့တဲ့ဖိလစ်ပိုင် အမျိုးသမီး အထက်လွတ်တော်အမတ် လိုင်လာဒီလာမာ
ဟာ ဖေဖော်ဝါရီလ၂၄ ရက်နေ့က သူမရဲ့ရုံးခန်းမှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။

လွှတ်တော်အမတ် မဖြစ်ခင်က လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ လိုင်လာ ဟာမူးယစ်ဆေးဝါး ဖြန့်ချိသူတွေဆီက ပိုက်ဆံတွေလက်ခံရယူခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက်မှာ အခုလိုဖမ်းဆီးခြင်းခံခဲ့ရတာပါ။

သမ္မတဒူတာတေးရဲ့တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေကို အရေးယူနိုင်ဖို့အတွက် ဖွဲ့စည်းထားတဲ့ အထက်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်ခဲ့တာကြောင့် အခုလိုဖမ်းဆီးခံရတာဖြစ်တယ်လို့ လိုင်လာ ကဆိုပါတယ်။

မူးယစ်ဆေးဝါးဖြန့်ချိသူတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးမှုတွေ မပြုလုပ်ရသေးခင်မှာဘဲ လွှတ်တော်ထဲက သမ္မတဒူတာတေး ဘက်တော်သားတွေက သူမရဲ့လက်ရှိလွတ် တော်အမတ်ရာထူးကနေ ဖယ်ရှားခဲ့ကြပါတယ်။

သမ္မတ ဒူတာတေးဟာ သူ့ရဲ့မူးယစ်စစ်ဆင်ရေးမှာ လူပေါင်း ၇၀၀၀ ကျော်ကိုသတ်ဖြစ်ခဲ့ပါ တယ်။ အဲဒီလိုသတ်ဖြတ်မှုတွေကြောင့် လိုင်လာ ဟာ သမ္မတဒူတာတေး ကို လိုင်လာ က လူအစုအပြုံလိုက် သတ်ဖြတ်တဲ့စိတ္တဇ လူသတ်သမား လို့ ပြောဆိုသတ်မှတ်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)