ကင်ဂျုံနမ်သေဆုံးခြင်းဟာ ဓာတုအဆိပ်တစ်မျိုးကြောင့် ဖြစ်ကြောင်း မလေးရှား ရဲတပ်ဖွဲ့ အတည်ပြု

0
330

အရင်တစ်ပတ်က သေဆုံးခဲ့တဲ့ ကင်ဂျုံနမ်ဟာ ပြင်းထန်တဲ့ ဓာတုအဆိပ်တစ်မျိုးကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်သူ ကင်ဂျုံအန်ရဲ့ အဖေတူ အမေကွဲအစ်ကိုဖြစ်တဲ့ ကင်ဂျုံနမ်ရဲ့ မျက်နှာပေါ်က အသားစတွေကို စစ်ဆေးတာကနေ VX nerve agent လို့ခေါ်တဲ့ ဓာတုအဆိပ်တစ်မျိုးနဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်တယ်ဆိုတာ မလေးရှားဓာတုဗေဒဌာနက ထုတ်ဖော်တွေ့ရှိခဲ့တာပါ။

အဲဒီ VX nerve agent လို့ခေါ်တဲ့ အဆိပ်ကို လူအများအပြား သေကြေစေနိုင်တဲ့ ဓာတုလက်နက်တစ်မျိုး အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။
ကင်ဂျုံနမ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မလေးရှားနိုင်ငံကနေ မကာအို ကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ကွာလာလမ်ပူ လေဆိပ်မှာ အမျိုးသမီးနှစ်ဦးက မျက်နှာကို အဆိပ်ပါတဲ့အ၀တ်စနဲ့ ဖုံးအုပ်ပြီး လုပ်ကြံခံခဲ့ရတာပါ။

အဲဒီ လုပ်ကြံသတ်ဖြတ်မှုအတွက် မလေးရှားရဲတပ်ဖွဲ့ဟာ ဗီယက်နမ်အမျိုးသမီးတစ်ဦး၊ အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးနဲ့ မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးတို့ကို ဖမ်းဆီးထားပါတယ်။

ဒါ့အပြင် ဒီလုပ်ကြံမှုနဲ့ ဆက်စပ်နေတယ်လို့ သံသယရှတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၇ ဦးကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေနေပြီး အဲဒီထဲမှာ ကွာလာလမ်ပူမှာရှိတဲ့ မြောက်ကိုရီးယားသံရုံးက ၀န်ထမ်းတစ်ဦးလည်း ပါဝင်နေပါတယ်။

တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု အစိုးရတွေကတော့ လုပ်ကြံသတ်ဖြတ်သူဟာ တရုတ်ပိုင် မကာအိုမှာနေထိုင်ပြီး တရုတ်အစိုးရရဲ့ အကာအကွယ်ရရှိနေတဲ့ မြောက်ကိုရီးယား အေးဂျင့်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

www.teleg

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)