လော်တာရို မာတီနက်ဇ်ကို ပေါင်သန်း ၁၂၀ နဲ့ ခေါ်ယူဖို့ ဘာစီလိုနာ စီစဉ်

0
14

ဘာစီလိုနာအသင်းဟာ အင်တာမီလန်အသင်း တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ နဲ့ ခေါ်ယူဖို့ အဆင့်သင့်ရှိနေကြောင်း စပိနုအခြေစိုက် သတင်းစာတွေက ဖော်ပြပါတယ်။ တိုက်စစ်မှူး ဆွာရက်ဇ် ဒဏ်ရာရသွားတဲ့အတွက် ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့ ကာလအတွင်း တိုက်စစ်မှူးအသစ် ရှာဖွေနေရာ အသက် ၂၂ နှစ်အရွယ်ရှိ မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဒဏ်ရာကြောင့် လအနည်းငယ်ကြာ အနားယူရဖွယ်ရှိပါတယ်။ ရေဆင်းကလပ် တိုက်စ်မှူးဟောင်းရဲ့ အခုရာသီအတွင်း ပိုမိုခြေစွမ်းပြ ကစားနိုင်မှုတွေကြောင့် ဘာစီလိုနာ အသင်းဟာ စိတ်ဝင်စားမှု ပိုမိုမြင့်မားလာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ မာတီနက်ဇ်ကို ခေါ်ယူဖို့ ကာလအတန်ကြာ စိတ်ဝင်စားနေခဲ့ပြီး လက်ရှိမှာ ခေါ်ယူဖို့နိုင်ဖို့ အရှိန်မြှင့် ကြိုးပမ်းဖွယ်ရှိပါတယ်။

မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အင်တာမီလန် အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး အင်တာမီလန်အတွက် လက်ရှိရာသီမှာ ခြေစွမ်းပြ ကစားနေသူ ဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ လက်ရှိရာသီမှာ အင်တာမီလန်အတွက် ပြိုင်ပွဲအရပ်ရပ် ၂၅ ပွဲမှာ ၁၅ ဂိုး သွင်းယူပေးထားပြီး အသင်းနဲ့ ၂၀၂၂ – ၂၃ ရာသီအထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်ပါတယ်။ သူရဲ့ လက်ရှိစာချုပ်ထဲမှာ လျော်ကြေး ယူရို ၁၁၁ သန်းရမှ ထွက်ခွင့်ပေးမယ့်အချက် ထည့်သွင်းချုပ်ဆိုထားပြီး အဲဒီ လျော်ကြေးစာချုပ်က ဇူလိုင်လ ဒုတိယပတ်မှ အသက်ဝင်လာမှာလည်း ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>