ေျမာက္ကိုရီးယားကို ပိတ္ဆို႔အေရးယူထားမႈ ေဟာင္ေကာင္ တင္းက်ပ္ဖို႔လို

0
1897

ေျမာက္ကိုရီးယား အေပၚ ခ်မွတ္ထားတဲ့ ႏိုင္ငံတကာ ပိတ္ဆို႔အေရးယူထားမႈနဲ႔ ပတ္သက္လို႔ ေဟာင္ေကာင္အေနနဲ႔ တင္းက်ပ္ဖို႔ လိုၿပီး စည္းမ်ဥ္းစည္းကမ္းေတြကို မခ်ိဳးေဖာက္ဖို႔ လိုတယ္လို႔ အေမရိကန္ ေျပာလိုက္ပါတယ္။

ႏ်ဴကလီးယား စမ္းသပ္မႈ၊ အေမရိကန္နဲ႔ ဂ်ပန္ကို ၿခိမ္းေျခာက္ေနမႈေတြေၾကာင့္ ကုလသမဂၢ လံုၿခံေရးေကာင္စီက ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ထားပါတယ္။ ေတာင္ကိုရီးယားမွာ က်င္းပမယ့္ ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ကို ေျမာက္ကိုရီးယားက ပါဝင္မယ္ဆိုတဲ့အတြက္ လတ္တေလာမွာေတာ့ တင္းမာမႈေတြ ေျပေလ်ာ့ေနပါတယ္။

စီးပြားေရး အခ်က္အျခာ တစ္ခုျဖစ္တဲ့ ေဟာင္ေကာင္ဟာ ေျမာက္ကိုရီးယားကို တရားမဝင္ေငြေၾကးေတြ ျဖတ္သန္းရာ ေနရာျဖစ္ေနတယ္လို႔ ေဝဖန္မႈေတြ ရွိပါတယ္။ ကုန္သြယ္ေရး ေျပစာေတြကို ဗန္းျပၿပီး ဘီလီယံနဲ႔ခ်ီတဲ့ ေငြေတြဟာ တ႐ုတ္ကေန တရားဝင္ ထြက္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူထားမှု ဟောင်ကောင် တင်းကျပ်ဖို့လို

မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူထားမှုနဲ့ ပတ်သက်လို့ ဟောင်ကောင်အနေနဲ့ တင်းကျပ်ဖို့ လိုပြီး စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်ဖို့ လိုတယ်လို့ အမေရိကန် ပြောလိုက်ပါတယ်။

နျူကလီးယား စမ်းသပ်မှု၊ အမေရိကန်နဲ့ ဂျပန်ကို ခြိမ်းခြောက်နေမှုတွေကြောင့် ကုလသမဂ္ဂ လုံခြံရေးကောင်စီက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။ တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို မြောက်ကိုရီးယားက ပါဝင်မယ်ဆိုတဲ့အတွက် လတ်တလောမှာတော့ တင်းမာမှုတွေ ပြေလျော့နေပါတယ်။

စီးပွားရေး အချက်အခြာ တစ်ခုဖြစ်တဲ့ ဟောင်ကောင်ဟာ မြောက်ကိုရီးယားကို တရားမဝင်ငွေကြေးတွေ ဖြတ်သန်းရာ နေရာဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။ ကုန်သွယ်ရေး ပြေစာတွေကို ဗန်းပြပြီး ဘီလီယံနဲ့ချီတဲ့ ငွေတွေဟာ တရုတ်ကနေ တရားဝင် ထွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)