ထိုင္း ဒုဝန္ႀကီးခ်ဳပ္ရဲ႕ အဖိုးတန္ နာရီမ်ားကိစၥ ပို႐ႈပ္ေထြးလာ

0
2147

ကမာၻ႔ေစ်းအႀကီးဆံုး နာရီေတြကို ပိုင္ဆိုင္ထားတဲ့ ထိုင္း ဒုဝန္ႀကီးခ်ဳပ္ ပရာဝစ္ ဝန္ဆူဝမ္ရဲ႕ သတင္းေတြ ထြက္ေပၚလာၿပီးေနာက္ လူ႔အခြင့္အေရးသမားေတြ၊ ႏိုင္ငံေရးသမားေတြ၊ အင္တာနက္ သံုးစြဲသူေတြနဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းတို႔က ‘႐ိုးလက္စ္ ဗိုလ္ခ်ဳပ္’ ကို ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုလာၾကပါတယ္။

မႏွစ္က ႏိုဝင္ဘာလအတြင္း သတင္းစာရွင္းလင္းပြဲ တစ္ခုမွာ သူပတ္ထားတဲ့ ထိုင္းဘတ္ေငြ သန္းခ်ီတန္ ရစ္ခ်တ္ မီးလ္ နာရီကို သတိျပဳမိခဲ့ရာက ဒုဝန္ႀကီးခ်ဳပ္ ဝန္ဆူဝမ္ ပိုင္ဆိုင္တဲ့ အဖိုးတန္ ေစ်းႀကီး နာရီေတြအေၾကာင္း ေဖာ္ထုတ္လာခဲ့ၾကတာ ျဖစ္ပါတယ္။

ဘီလ်ံနာသူေဌးႀကီးေတြ၊ ႏိုင္ငံတကာ အားကစားသမား အေက်ာ္အေမာ္ေတြ၊ ဟစ္ပ္ေဟာ့ အဆိုေတာ္ေတြကလြဲၿပီး သာမန္လူေတြ မဝယ္ႏိုင္၊ မပတ္ႏိုင္တဲ့ အဖိုးတန္နာရီေတြ ပိုင္ဆိုင္ထားတဲ့ ထိုင္းစစ္ဗိုလ္ခ်ဳပ္ကို မီဒီယာနဲ႔ လူထုက ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

သူ႔ရဲ႕ တခ်ိဳ႕နာရီေတြရဲ႕ ေစ်းႏႈန္းကို တင့္ကားေတြ၊ စစ္သံုးသေဘၤာေတြရဲ႕ ေစ်းႏႈန္းနဲ႔ ႏိႈင္းယွဥ္ျပမႈ အျပင္ ၂၀၁၄ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အတြင္း သူဝတ္ခဲ့တဲ့ နာရီေတြရဲ႕ အမ်ိဳးအစားနဲ႔ ေစ်းႏႈန္းအတိအက်ေတြကို ေရးဆြဲျပထားတဲ့ ဇယားေတြလည္း ထြက္ေပၚေနပါတယ္။
…………………. ။ ။ ………………….

ထိုင်း ဒုဝန်ကြီးချုပ်ရဲ့ အဖိုးတန် နာရီများကိစ္စ ပိုရှုပ်ထွေးလာ

ကမ္ဘာ့ဈေးအကြီးဆုံး နာရီတွေကို ပိုင်ဆိုင်ထားတဲ့ ထိုင်း ဒုဝန်ကြီးချုပ် ပရာဝစ် ဝန်ဆူဝမ်ရဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် လူ့အခွင့်အရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ အင်တာနက် သုံးစွဲသူတွေနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းတို့က ‘ရိုးလက်စ် ဗိုလ်ချုပ်’ ကို နုတ်ထွက်ပေးဖို့ တောင်းဆိုလာကြပါတယ်။

မနှစ်က နိုဝင်ဘာလအတွင်း သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ သူပတ်ထားတဲ့ ထိုင်းဘတ်ငွေ သန်းချီတန် ရစ်ချတ် မီးလ် နာရီကို သတိပြုမိခဲ့ရာက ဒုဝန်ကြီးချုပ် ဝန်ဆူဝမ် ပိုင်ဆိုင်တဲ့ အဖိုးတန် ဈေးကြီး နာရီတွေအကြောင်း ဖော်ထုတ်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဘီလျံနာသူဌေးကြီးတွေ၊ နိုင်ငံတကာ အားကစားသမား အကျော်အမော်တွေ၊ ဟစ်ပ်ဟော့ အဆိုတော်တွေကလွဲပြီး သာမန်လူတွေ မဝယ်နိုင်၊ မပတ်နိုင်တဲ့ အဖိုးတန်နာရီတွေ ပိုင်ဆိုင်ထားတဲ့ ထိုင်းစစ်ဗိုလ်ချုပ်ကို မီဒီယာနဲ့ လူထုက မေးခွန်းထုတ်ခဲ့ကြပါတယ်။

သူ့ရဲ့ တချို့နာရီတွေရဲ့ ဈေးနှုန်းကို တင့်ကားတွေ၊ စစ်သုံးသင်္ဘောတွေရဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ပြမှု အပြင် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း သူဝတ်ခဲ့တဲ့ နာရီတွေရဲ့ အမျိုးအစားနဲ့ ဈေးနှုန်းအတိအကျတွေကို ရေးဆွဲပြထားတဲ့ ဇယားတွေလည်း ထွက်ပေါ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)