ျပင္သစ္ စိန္းျမစ္ေရျမင့္တက္လို႔ ေရေၾကာင္းသြားလာေရးေတြ ရပ္ထား

0
2093

ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕ရွိ စိန္းျမစ္ေရဟာ ေပ ၂၀ ေလာက္အထိ ျမင့္တက္လာႏိုင္တဲ့အတြက္ ေရေၾကာင္း သယ္ယူပို႔ေဆာင္ေရးနဲ႔ သေဘၤာဆိပ္ေတြကို ပိတ္ထားလိုက္ပါတယ္။

မိုးသည္းထန္စြာ ရြာသြန္းၿပီးတဲ့ေနာက္ ျမစ္ေရဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၂ နဲ႔ ၂၃ ရက္ေန႔တို႔မွာ ျမစ္ေရခ်ိန္ ၁၆ ဒသမ ၂၇ ေပအထိ တက္လာခဲ့ၿပီး လိေမၼာ္ေရာင္အဆင့္ သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။ ဇန္နဝါရီလ ၂၇ ရက္ေန႔အထိ ၁၈ ေပေက်ာ္ ေရတက္ႏိုင္ေနေသးတယ္လို႔ အာဏာပိုင္ေတြက သတိေပးထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ဇြန္လတုန္းက စိန္းျမစ္ေရဟာ ႏွစ္ ၃၀ အတြင္း အျမင့္ဆံုး တက္ခဲ့ဖူးပါတယ္။ ၁၉၁၀ ျပည့္ႏွစ္တုန္းက စိန္းျမစ္ေရဟာ ၂၈ ဒသမ ၂ ေပအထိ အျမင့္ဆံုး တက္ခဲ့ဖူးၿပီး လူေထာင္ေပါင္းမ်ားစြာ ေရႀကီးတဲ့ဒဏ္ကို ခံစားခဲ့ရဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြင်သစ် စိန်းမြစ်ရေမြင့်တက်လို့ ရေကြောင်းသွားလာရေးတွေ ရပ်ထား

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ စိန်းမြစ်ရေဟာ ပေ ၂၀ လောက်အထိ မြင့်တက်လာနိုင်တဲ့အတွက် ရေကြောင်း သယ်ယူပို့ဆောင်ရေးနဲ့ သင်္ဘောဆိပ်တွေကို ပိတ်ထားလိုက်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းပြီးတဲ့နောက် မြစ်ရေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ နဲ့ ၂၃ ရက်နေ့တို့မှာ မြစ်ရေချိန် ၁၆ ဒသမ ၂၇ ပေအထိ တက်လာခဲ့ပြီး လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ ၁၈ ပေကျော် ရေတက်နိုင်နေသေးတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇွန်လတုန်းက စိန်းမြစ်ရေဟာ နှစ် ၃၀ အတွင်း အမြင့်ဆုံး တက်ခဲ့ဖူးပါတယ်။ ၁၉၁၀ ပြည့်နှစ်တုန်းက စိန်းမြစ်ရေဟာ ၂၈ ဒသမ ၂ ပေအထိ အမြင့်ဆုံး တက်ခဲ့ဖူးပြီး လူထောင်ပေါင်းများစွာ ရေကြီးတဲ့ဒဏ်ကို ခံစားခဲ့ရဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)