မေလးရွားမွာ ခႏၶာကိုယ္ အစိတ္အပိုင္း လႉဒါန္းထားသူ ၂ သိန္းရဲ႕ အခ်က္အလက္ေတြ ေပါက္ၾကား

0
2115

မေလးရွားႏိုင္ငံမွာ ခႏၶာကိုယ္ အစိတ္အပိုင္း လႉဒါန္းထားသူ ၂ သိန္းေက်ာ္ရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြ အြန္လိုင္းမွာ ေပါက္ၾကားမႈ ျဖစ္ပြားခဲ့ပါတယ္။

ဒါဟာ မေလးရွားႏိုင္ငံမွာ သံုးလအတြင္း ေဒတာ အႀကီးအက်ယ္ ေပါက္ၾကားမႈ ဒုတိယအႀကိမ္ ျဖစ္ပါတယ္။ မႏွစ္က ႏိုဝင္ဘာလမွာ အြန္လိုင္းေပၚ စာရင္းသြင္းထားတဲ့ မိုဘိုင္ဖုန္း သံုးစြဲသူ ၄၆ သန္းေက်ာ္ရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြ ေရာင္းခ်ဖို႔ ႀကိဳးပမ္းမႈကို မေလးရွား အစိုးရက စံုစမ္းစစ္ေဆးခဲ့ရပါတယ္။ ဒီေပါက္ၾကားမႈဟာ အာရွမွာလည္း စားသံုးသူေတြရဲ႕ အခ်က္အလက္ေတြ အႀကီးမားဆံုး ေပါက္ၾကားမႈ ျဖစ္ခဲ့ပါတယ္။

ကိုယ္ခႏၶာ အစိတ္အပိုင္း လႉဒါန္းထားသူ ၂ သိန္း ၂ ေသာင္းရဲ႕ ကိုယ္ေရးကိုယ္တာ အေသးစိတ္ အခ်က္အလက္ေတြဟာ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလေလာက္ကတည္းက အြန္လိုင္းမွာ ေပါက္ၾကားေနတာ ျဖစ္တယ္လို႔ Lowyat.net က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အခ်က္အလက္ေတြထဲမွာ လႉဒါန္းသူရဲ႕ အမည္၊ မွတ္ပံုတင္၊ လူမ်ိဳး၊ ႏိုင္ငံသား၊ လိပ္စာနဲ႔ ဖုန္းနံပါတ္ေတြေတာင္ ပါရွိေနပါတယ္။ ဒါ့အျပင္ အလႉကို လက္ခံမယ့္ သူေတြရဲ႕ အခ်က္အလက္ေတြပါ ပါေနတာေၾကာင့္ ေပါက္ၾကားတဲ့ အခ်က္အလက္ဟာ ၄ သိန္း ၄ ေသာင္းေက်ာ္ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားမှာ ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းထားသူ ၂ သိန်းရဲ့ အချက်အလက်တွေ ပေါက်ကြား

မလေးရှားနိုင်ငံမှာ ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းထားသူ ၂ သိန်းကျော်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အွန်လိုင်းမှာ ပေါက်ကြားမှု ဖြစ်ပွားခဲ့ပါတယ်။

ဒါဟာ မလေးရှားနိုင်ငံမှာ သုံးလအတွင်း ဒေတာ အကြီးအကျယ် ပေါက်ကြားမှု ဒုတိယအကြိမ် ဖြစ်ပါတယ်။ မနှစ်က နိုဝင်ဘာလမှာ အွန်လိုင်းပေါ် စာရင်းသွင်းထားတဲ့ မိုဘိုင်ဖုန်း သုံးစွဲသူ ၄၆ သန်းကျော်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ရောင်းချဖို့ ကြိုးပမ်းမှုကို မလေးရှား အစိုးရက စုံစမ်းစစ်ဆေးခဲ့ရပါတယ်။ ဒီပေါက်ကြားမှုဟာ အာရှမှာလည်း စားသုံးသူတွေရဲ့ အချက်အလက်တွေ အကြီးမားဆုံး ပေါက်ကြားမှု ဖြစ်ခဲ့ပါတယ်။

ကိုယ်ခန္ဓာ အစိတ်အပိုင်း လှူဒါန်းထားသူ ၂ သိန်း ၂ သောင်းရဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ် အချက်အလက်တွေဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလလောက်ကတည်းက အွန်လိုင်းမှာ ပေါက်ကြားနေတာ ဖြစ်တယ်လို့ Lowyat.net က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အချက်အလက်တွေထဲမှာ လှူဒါန်းသူရဲ့ အမည်၊ မှတ်ပုံတင်၊ လူမျိုး၊ နိုင်ငံသား၊ လိပ်စာနဲ့ ဖုန်းနံပါတ်တွေတောင် ပါရှိနေပါတယ်။ ဒါ့အပြင် အလှူကို လက်ခံမယ့် သူတွေရဲ့ အချက်အလက်တွေပါ ပါနေတာကြောင့် ပေါက်ကြားတဲ့ အချက်အလက်ဟာ ၄ သိန်း ၄ သောင်းကျော် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)