ကင္တပ္ကီမွာ ေက်ာင္းသား တစ္ဦးက ေသနတ္နဲ႔ ပစ္လို႔ ႏွစ္ဦးေသ

0
2055

အေမရိကန္၊ ကင္တပ္ကီျပည္နယ္မွာ မေန႔က ဇန္နဝါရီ ၂၃ ရက္ေန႔က အသက္ ၁၅ ႏွစ္အရြယ္ ေက်ာင္းသားက စာသင္ေက်ာင္းထဲမွာ ေသနတ္နဲ႔ ပစ္လို႔ ႏွစ္ဦးေသဆံုးၿပီး ၁၃ ဦး ဒဏ္ရာရသြားကာ ေက်ာင္းသားကိုလည္း ဖမ္းဆီးႏိုင္လိုက္ပါတယ္။

ကင္တပ္ကီ အေနာက္ပိုင္းရွိ မာရွယ္ စီရင္စု အထက္တန္းေက်ာင္းမွာ အသက္ ၁၅ ႏွစ္အရြယ္ ေက်ာင္းသားက ပစၥတိုေသနတ္နဲ႔ ပစ္ခတ္ခဲ့တာ ျဖစ္ပါတယ္။ ဘာေၾကာင့္ ပစ္ခတ္ရတယ္ဆိုတာကိုေတာ့ ရဲတပ္ဖြဲ႔က ေျပာၾကားျခင္း မရွိေသးပါဘူး။

မႏွစ္က ဒီဇင္ဘာ ၇ ရက္ေန႔မွာလည္း နယူး မကၠဆီကို၊ အက္ဇ္တက္မွာ အသက္ ၂၁ ႏွစ္အရြယ္ လူတစ္ဦးက ေက်ာင္းသားေယာင္ ေဆာင္ကာ အထက္တန္းေက်ာင္းထဲ ဝင္ပစ္ခတ္လို႔ ေက်ာင္းသား ႏွစ္ဦး ေသဆံုးၿပီး ေသနတ္သမားလည္း သူ႔ကိုယ္သူ သတ္ေသသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကပ်တပ်ကီမှာ ကျောင်းသား တစ်ဦးက သေနတ်နဲ့ ပစ်လို့ နှစ်ဦးသေ

အမေရိကန်၊ ကင်တပ်ကီပြည်နယ်မှာ မနေ့က ဇန်နဝါရီ ၂၃ ရက်နေ့က အသက် ၁၅ နှစ်အရွယ် ကျောင်းသားက စာသင်ကျောင်းထဲမှာ သေနတ်နဲ့ ပစ်လို့ နှစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရသွားကာ ကျောင်းသားကိုလည်း ဖမ်းဆီးနိုင်လိုက်ပါတယ်။

ကင်တပ်ကီ အနောက်ပိုင်းရှိ မာရှယ် စီရင်စု အထက်တန်းကျောင်းမှာ အသက် ၁၅ နှစ်အရွယ် ကျောင်းသားက ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့် ပစ်ခတ်ရတယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့က ပြောကြားခြင်း မရှိသေးပါဘူး။

မနှစ်က ဒီဇင်ဘာ ၇ ရက်နေ့မှာလည်း နယူး မက္ကဆီကို၊ အက်ဇ်တက်မှာ အသက် ၂၁ နှစ်အရွယ် လူတစ်ဦးက ကျောင်းသားယောင် ဆောင်ကာ အထက်တန်းကျောင်းထဲ ဝင်ပစ်ခတ်လို့ ကျောင်းသား နှစ်ဦး သေဆုံးပြီး သေနတ်သမားလည်း သူ့ကိုယ်သူ သတ်သေသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)