အင္ဒိုနီးရွားမွာ ၆.၄ ရစ္ခ်က္တာစေကး အင္အားျပင္း ငလ်င္လႈပ္ခတ္

0
1841

အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ာဗားက်ြန္း အေနာက္ဘက္မွာ အင္အားျပင္း ၆.၄ ရစ္ခ်က္တာစေကးရွိတဲ့ ငလ်င္ မေန႔ ဇန္န၀ါရီလ ၂၄ ရက္ေန႔က လႈပ္ခတ္သြားခဲ့လုိ႔ စာသင္ေက်ာင္းတစ္ခ်ိဳ႕ အပါအဝင္ ေနအိမ္ ဒါဇင္ေက်ာ္ ပ်က္စီးသြားခဲ့ပါတယ္။

ငလ်င္ဟာ ဘန္တင္ ျပည္နယ္၊ ေလဘက္ေဒသ အေနာက္ေတာင္ပုိင္း ၈၁ ကီလုိမီတာ အကြာကို ဗဟိုျပဳ လႈပ္ခတ္သြားခဲ့တာ ျဖစ္ပါတယ္။ ဂ်ာဗားျပည္နယ္ အေနာက္ပိုင္းမွာ ေနအိမ္ ၄ လံုးနဲ႔ တျခားျပည္နယ္မွာ ေနအိမ္ ၁၃ လံုး ပ်က္စီးသြားခဲ့တယ္လုိ႔ သဘာဝ ေဘးအႏၱရာယ္ကာကြယ္ေရးအဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။

အဆိုးဝါးဆံုးကေတာ့ ဘန္တင္ ျပည္နယ္မွာ ျဖစ္ၿပီး အထက္ေက်ာင္းတစ္ေက်ာင္းလည္း  ၿပိဳက်ပ်က္စီးသြားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှားမှာ ၆.၄ ရစ်ချက်တာစကေး အင်အားပြင်း ငလျင်လှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်း အနောက်ဘက်မှာ အင်အားပြင်း ၆.၄ ရစ်ချက်တာစကေးရှိတဲ့ ငလျင် မနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့က လှုပ်ခတ်သွားခဲ့လို့ စာသင်ကျောင်းတစ်ချို့ အပါအဝင် နေအိမ် ဒါဇင်ကျော် ပျက်စီးသွားခဲ့ပါတယ်။

ငလျင်ဟာ ဘန်တင် ပြည်နယ်၊ လေဘက်ဒေသ အနောက်တောင်ပိုင်း ၈၁ ကီလိုမီတာ အကွာကို ဗဟိုပြု လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဂျာဗားပြည်နယ် အနောက်ပိုင်းမှာ နေအိမ် ၄ လုံးနဲ့ တခြားပြည်နယ်မှာ နေအိမ် ၁၃ လုံး ပျက်စီးသွားခဲ့တယ်လို့ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုးဝါးဆုံးကတော့ ဘန်တင် ပြည်နယ်မှာ ဖြစ်ပြီး အထက်ကျောင်းတစ်ကျောင်းလည်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)