လစ္ဗ်ားမွာ ဗံုး ႏွစ္လံုးေပါက္၊ ၂၇ ဦးေသ

0
2225

လစ္ဗ်ားႏိုင္ငံ အေရွ႕ပိုင္း၊ ဘင္ဂါဇီၿမိဳ႕မွာ မေန႔ ဇန္န၀ါရီလ ၂၃ ရက္ေန႔က ကားဗံုး ႏွစ္လံုးေပါက္ကြဲမႈ ျဖစ္ပြားခဲ့လုိ႔ ေသဆံုးသူ အနည္းဆံုး ၂၇ ဦး ရွိခဲ့ၿပီး ထိခုိက္ဒဏ္ရာရရွိသူ ၃၀ ေက်ာ္ ရွိခဲ့ပါတယ္။

ေသဆံုးခဲ့သူေတြထဲမွာ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြ၊ အရပ္သားေတြပါဝင္ သြားခဲ့ၿပီး ဘယ္အဖြဲ႔ရဲ႕ လက္ခ်က္ဆိုတာ မသိရေသးပါဘူး။ ပထမေပါက္ကြဲမႈဟာ ဘင္ဂါဇီ ၿမိဳ႕လယ္ရွိ  ဗလီအျပင္ဘက္မွာ ျဖစ္ပြားခဲ့တာပါ။ အဲဒီလို ေပါက္ကြဲၿပီး ၁၅ မိနစ္အၾကာ လံုျခံဳေရးေတြနဲ႔ ကယ္ဆယ္ေရးအဖြဲ႔ေတြ ေရာက္ရွိလာခ်ိန္မွာ ေနာက္ထပ္ အင္အားျပင္းတဲ့ ဗံုးတစ္လံုး ထပ္မံေပါက္ကြဲခဲ့တာ ျဖစ္ပါတယ္။

ဘင္ဂါဇီၿမိဳ႕မွာ ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္ကစလုိ႔ အစၥလာမ္အစြန္းေရာက္ေတြနဲ႔ တုိက္ခုိက္ေနခဲ့ၾကတာ ၃ ႏွစ္နီးပါးရွိခဲ့ၿပီ ျဖစ္ၿပီး သူတို႔ေတြဟာ လစ္ဗ်ားအမ်ိဳးသားတပ္ကို အဓိက ပစ္မွတ္ထား တုိက္ခိုက္ေလ့ရွိၾကပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ တုန္းကေတာ့ အစိုးရတပ္ဖြဲ႔ေတြဘက္က အစြန္းေရာက္သူပုန္ေတြကုိ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီလုိ႔ ေၾကညာထားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

လစ်ဗျားမှာ ဗုံး နှစ်လုံးပေါက်၊ ၂၇ ဦးသေ

လစ်ဗျားနိုင်ငံ အရှေ့ပိုင်း၊ ဘင်ဂါဇီမြို့မှာ မနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့က ကားဗုံး နှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ သေဆုံးသူ အနည်းဆုံး ၂၇ ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိခဲ့ပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အရပ်သားတွေပါဝင် သွားခဲ့ပြီး ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာ မသိရသေးပါဘူး။ ပထမပေါက်ကွဲမှုဟာ ဘင်ဂါဇီ မြို့လယ်ရှိ ဗလီအပြင်ဘက်မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီလို ပေါက်ကွဲပြီး ၁၅ မိနစ်အကြာ လုံခြုံရေးတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာချိန်မှာ နောက်ထပ် အင်အားပြင်းတဲ့ ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဘင်ဂါဇီမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ အစ္စလာမ်အစွန်းရောက်တွေနဲ့ တိုက်ခိုက်နေခဲ့ကြတာ ၃ နှစ်နီးပါးရှိခဲ့ပြီ ဖြစ်ပြီး သူတို့တွေဟာ လစ်ဗျားအမျိုးသားတပ်ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းကတော့ အစိုးရတပ်ဖွဲ့တွေဘက်က အစွန်းရောက်သူပုန်တွေကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ကြေညာထားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)