လစ်ဗျားလေယာဉ်ကို အကြမ်းဖက်သမားနှစ်ဦးက အနုကြမ်းစီးပြီး ဗုံးဖောက်ခွဲမယ်လို့ ခြိမ်းခြောက်

0
338

လူ ၁၁၈ ဦးလိုက်ပါလာတဲ့ လစ်ဗျားခရီးသည်တင်လေယာဉ်ဟာ မော်တာနိုင်ငံမှာ ဆင်းသက်ဖို့ ဖိအားပေးခံခဲ့ရပြီး ဒီအခြေအနေဟာ လေယာဉ်အပိုင်စီးခံရတဲ့အခြေအနေဖြစ်နိုင်တယ်လို့ မော်တာနိုင်ငံ ၀န်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

breaking-news-in-nigeria-august-2nd-2016-newspaper-headlines

လေယာဉ်ကို အနုကြမ်းစီးခဲ့သူနှစ်ဦးက လေယာဉ်ကို ဗုံးဖောက်ခွဲဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ကနဦးသတင်းပေးပို့ချက်တွေမှာ ဖော်ပြထားပါတယ်။

လေယာဉ်ဟာ လစ်ဗျားနိုင်ငံအတွင်း ပျံသန်းပြေးဆွဲနေတဲ့ လေ ယာဉ်ဖြစ်ပြီး မော်လ်တာဝန်ကြီးချုပ်ဂျိုးဇက်မူကတ်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အသင့်အနေ အထားရှိနေစေဖို့ အမိန့်ပေးထားပါတယ်။ မော်လ်တာအပြည်ပြည်ဆိုင်ရာလေဆိပ်က အခုလုပ်ရပ်ဟာ တရားမ၀င်တဲ့လုပ်ရပ်လို့ အတည်ပြုပြောဆိုခဲ့ပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း စေလွှတ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)