ဂျပန်လေဆိပ်က သန့်စင်ခန်းမှာ စမတ်ဖုန်းတွေအတွက် အိမ်သာသုံးစက္ကူ ထားပေးထား

0
346

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ နာရီတာလေဆိပ်က သန့်စင်ခန်းတွမှာ အိမ်သာတက်ပြီးရင် ကိုယ့်ဖုန်းကို သန့်စင်ဖို့ အိမ်သာသုံး စမတ်ဖုန်း တစ်ရှူးတွေ ပေးထားပါတယ်။
အဲဒီအစီအစဉ်ကို ဂျပန် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဒိုကိုမိုက ကူညီပံ့ပိုးပေးထားတာပါ။

smartphone-tissue

ဖုန်းကို သန့်စင်ဖို့ ပေးထားတဲ့ တစ်ရှူးတွေမှာ ဒိုကိုမိုကုမ္ပဏီရဲ့ ဆက်သွယ်ရေးကွန်ရက်တွေအကြောင်းနဲ့ စမတ်ဖုန်းတွေ အသုံးပြုလို့ရတဲ့ ခရီးသွား အပလီကေးရှင်းတွေအကြောင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒိုကိုမိုကုမ္ပဏီရဲ့ Youtube စာမျက်နှာမှာတော့ စမတ်ဖုန်းမျက်နှာပြင်မှာရှိတဲ့ ပိုးမွားတွေဟာ သန့်စင်ခန်းအတွင်းက အိမ်သာထိုင်ခုံတွေမှာရှိတဲ့ ပိုးမွှားတွေထက် ငါးဆပိုများကြောင်းနဲ့ ဒီအစီအစဉ်ကြောင့် ဂျပန်နိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားက ခရီးသွားတွေအနေနဲ့လည်း ကျန်းကျန်းမာမာနဲ့ ခရီးသွားနိုင်မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဒိုကိုမိုရဲ့ အိမ်သာသုံး စမတ်ဖုန်း တစ်ရှူးဟာ ဂျပန်နိုင်ငံမှာတော့ လူမှုကွန်ရက်အသုံးပြုသူတွေကြား ပြောစရာဖြစ်နေပြီး တော်တော်များများကတော့ ဒီတစ်ရှူးအပေါ် ကောင်းတဲ့မှတ်ချက်တွေပဲ ပေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)