ပါကစၥတန္ ရွိ တရုတ္ ေကာင္စစ္၀န္ရံုး တုိက္ခုိက္ခံရ

0
910

ပါကစၥတန္ႏိုင္ငံရွိ တ႐ုတ္ေကာင္စစ္၀န္ရံုးကို ေသနတ္သမားေတြ ၀င္ေရာက္တုိက္ခိုက္ခဲ့တာေၾကာင့္ ရဲအရာရွိ ႏွစ္ဦေသဆံုးသြားခဲ့တယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။

ပါကစၥတန္ စစ္ဘက္ က ကရာခ်ီၿမိဳ႕ရွိ ေကာင္စစ္၀န္ရံုးကို ပါကစၥတန္ ခြဲထြက္ေရးအုပ္စု က အၾကမ္းဖက္ စီးနင္းခဲ့တာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ အဆုိပါ ရံုးမွာ တ႐ုတ္ နဲ ႔ပါကစၥတန္ ႏုိင္ငံသားေတြ အလုပ္လုပ္ကိုင္ေနေပမယ့္ အရပ္သားေတြ ထိခိုက္ဒဏ္ရာရတာမရွိခဲ့ေၾကာင္း ပါကစၥတန္ စစ္ဘက္တာဝန္ရွိသူေတြကေျပာပါတယ္။

ပါကစၥတန္ ၀န္ၾကီးခ်ဳပ္ ခန္းကေတာ့ အခုလုပ္ရပ္ ဟာ ပါကစၥတန္ – တ႐ုတ္ဆက္ဆံေရးကို ႐ႈပ္ေထြးေအာင္လုပ္တဲ့ တုိက္ခုိက္မႈျဖစ္ေၾကာင္း ျပစ္တင္႐ႈတ္ခ်ခဲ့ပါတယ္။ ေသနတ္သမားသံုးဦးက တိုက္ခိုက္ခဲ့ၿပီး ေကာင္စစ္၀န္႐ုံး ဂိတ္တံခါးကို စတင္တုိက္ခိုက္ခဲ့ေၾကာင္း ပါကစၥတန္ စစ္ဘက္ ေျပာေရးဆုိခြင့္ရွိသူကေျပာပါတယ္။ တုိက္ခုိက္ခဲ့သူ ၃ ဦး ဟာ ပစ္ခတ္မႈအတြင္းေသဆံုးသြားခဲ့တယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါကစ္စတန် ရှိ တရုတ် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ

ပါကစ္စတန်နိုင်ငံရှိတရုတ်ကောင်စစ်ဝန်ရုံးကိုသေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲအရာရှိ နှစ်ဦသေဆုံးသွားခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

ပါကစ္စတန် စစ်ဘက် က ကရာချီမြို့ရှိကောင်စစ်ဝန်ရုံးကို ပါကစ္စတန် ခွဲထွက်ရေးအုပ်စု က အကြမ်းဖက် စီးနင်းခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဆိုပါ ရုံးမှာ တရုတ် နဲ ့ပါကစ္စတန် နိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေပေမယ့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်တာဝန်ရှိသူတွေကပြောပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် ခန်းကတော့ အခုလုပ်ရပ် ဟာ ပါကစ္စတန် – တရုတ်ဆက်ဆံရေးကို ရှုပ်ထွေးအောင်လုပ်တဲ့တိုက်ခိုက်မှုဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ သေနတ်သမားသုံးဦးက တိုက်ခိုက်ခဲ့ပြီး ကောင်စစ်ဝန်ရုံး ဂိတ်တံခါးကို စတင်တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် စစ်ဘက် ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ တိုက်ခိုက်ခဲ့သူ ၃ ဦး ဟာ ပစ်ခတ်မှုအတွင်းသေဆုံးသွားခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)