
0
780


 



 

<>>>>>>>>>>>>>>>>>>>>>>>>

 

သတင်းထောက် ခါရှိုဂီသတ်ခံရမှုအတွက် CIA ပြစ်တင်မှာမဟုတ်

အမေရိကန်ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေ ဟာ သတင်းထောက်ခါရှိုဂီသတ်ဖြတ်ခံရမှု နဲ့ ပတ်သက်လို့ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ကို ပြစ်တင်မှာမဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကပြောပါတယ်။ ခါရှိုဂီဟာ အောက်တိုဘာ ၂ ရက်နေ့က တူရကီနိုင်ငံရှိ ဆော်ဒီအာရေဗျ သံရုံးအတွင်း ပျောက်ဆုံးသွားခဲ့ပြီး နောက် အိမ်ရှေ့မင်းသားက သတ်ဖြတ်ဖို့ ခိုင်းစေခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ခါရှိုဂီ ကိုသတ်ဖြတ်မယ်ဆိုရင် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားခွင်ပြုချက် လိုအပ်ကြောင်း၊ သတ်ဖြတ်မှုမှာ ဆော်ဒီအိမ်ရှေ့မင်းသား ပါဝင်ဆက်နွယ်ဖွယ်ရှိတယ်လို့ ယူဆမှုတွေလည်းရှိနေခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန် သမ္မတ က ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားကို အမေရိကန် ထောက်လှမ်းအဖွဲ့က ပြစ်တင်မှာမဟုတ်ကြောင်း ၊ စုံစမ်းစစ်ဆေးမှုတွေဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)