တိုက်စစ်မှူးမာနေး လီဗာပူးအသင်းနဲ့ သက်တမ်းရှည် စာချုပ်တိုးမယ်

0
855


 



 

<>>>>>>>>>>>>>>>>>>>>>>>>

 

ဆီနီဂေါရှေ့တန်း တိုက်စစ်မှူး  မာနေး ဟာ လီဗာပူအသင်းနဲ့ သက်တမ်းရှည်စာချုပ်သစ် တစ်ရပ်ချုပ်ဆိုဖို့ ဘဘောတူလိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိမာနေး ဟာ   ၂၀၁၆ ခုနှစ်က ဆောက်သမ်တန်အသင်းမှ လီ ဗာပူအသင်း ဆီ ပြောင်းရွှေကြေး ပေါင် ၃၄ သန်း နဲ့ ပြောင်းကာ ငါးနှစ်စာချုပ် ခဲ့ပါတယ်။   မာနေး ဟာလီဗာပူး အသင်းကို ရောက်ရှိပြီးနောက်ပိုင်း လီဗာပူအသင်းအတွက် ပွဲစုံ ၈၉ ပွဲ ကစားကာ ဂိုး ၄၀ သွင်းကာ ခြေစွမ်းပြနိုင်ခဲ့လို့ လီဗာပူအသင်းက  မာနေးကို စာချုပ်သစ်ချုပ်ဖို့ လိုလားနေခဲ့ပါတယ်။

မာနေး က လီဗာပူအသင်းနဲ့ သက်တမ်းရှည် စာချုပ်ဖို့ သဘောတူညီမှုရတဲ့အတွက် ကျေနပ်ပျော်ရွင်ပြီးသူ ကစားသမားဘဝအတွက်အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ လီဗာပူအသင်းနဲ့ မာနေးတို့ ဟာ  ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)