
0
447





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကားကို ကန်လို့ မြင်တစ်ကောင် အချုပ်ကျ

ဘရာဇီးနိုင်ငံက မြင်းတစ်ကောင်ဟာ ကားကို ထိခိုက်ပျက်စီးအောင် လုပ်လိုက်လို့ အချုပ်ခံခဲ့ရပါတယ်။

မြင်းကလေး ဖာစီရီရိုဟာ အမျိုးသမီးတစ်ဦးရဲ့ ကားကို ထိခိုက်အောင်လုပ်ခဲ့လို့ တစ်ရက်နီးပါးကြာ အချုပ်ခံခဲ့ရတယ်လို့ မြင်းပိုင်ရှင် ဝီလျံဆန်တိုစ့်က ပြောပါတယ်။ မြင်းကလေးကို သခင်ဖြစ်သူက ကားလမ်းအတိုင်း စီးနင်းလာချိန်မှာ အမျိုးသမီးရဲ့ ကားနားအရောက် ကားကို ခြေထောက်နဲ့ ကန်ခဲ့ရာ ကားပျက်စီးမှု ဖြစ်ခဲ့ပါတယ်။

အမျိုးသမီးဟာ ကားကို မြင်းကန်ခံရတဲ့အတွက် ရဲကိုဖုန်းဆက်ချိန်မှာ ရဲတွေ ရောက်ရှိလာပြီး မြင်းကို ဖမ်းဆီးကာ ချုပ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရဲတွေဟာ မြင်းကို အချုပ်ခန်းထဲထည့်ကာ တံခါးကို ပိတ်ထားခဲ့တာဖြစ်တယ်လို့ သခင်ဖြစ်သူက ပြောပါတယ်။ မြင်းပိုင်ရှင် ဆန်တိုစ့်ဟာ သူရဲ့ မြင်းကို ချုပ်ထားချိန်မှာ အစာကျွေးဖို့ ပြောခဲ့ပေမယ့် ရဲတွေက ငြင်းဆန်ခဲ့ပါတယ်။ တစ်ရက်နီးပါး အကြာမှာ မြင်းကို အချုပ်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)