ရာထူးက ႏုတ္ထြက္မႈအေပၚ လက္ဘႏြန္ဝန္ႀကီးခ်ဳပ္ ဟာရီရီ ျပန္စဥ္းစားမယ္

0
447

လက္ဘႏြန္ ဝန္ႀကီးခ်ဳပ္ ဆက္ဟာရီရီက သူအေနနဲ႔  ဝန္ႀကီးခ်ဳပ္ အျဖစ္က ႏုတ္ထြက္ေရး ဆံုးျဖတ္ခ်က္ေတြကို ျပန္စဥ္းစားသြားမယ္လို႔ ေျပာပါတယ္။  

ဝန္ႀကီးခ်ဳပ္ကို ႏုတ္မထြက္ဖို႔ လက္ဘႏြန္သမၼတက ေတာင္းဆုိခဲ့ၿပီးေနာက္  ဝန္ႀကီးခ်ဳပ္ ဟာရီရီဟာ အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ ဟာရီရီက ႏုိဝင္ဘာ ၄ ရက္ေန႔မွာ ေဆာ္ဒီအာေရဗ်ႏုိင္ငံကို ေရာက္ရွိေနခ်ိန္ ႏိုင္ငံေရး တင္းမာမႈေတြေၾကာင့္ ဝန္ႀကီးခ်ဳပ္အျဖစ္က ႏုတ္ထြက္ေၾကာင္း ေၾကညာခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ ဟာရီရီက လက္ဘႏြန္ အေျခစိုက္ ဟစ္ဇ္ဘိုလာအဖြဲ႔ဟာ လက္ဘႏြန္ကို တည္ၿငိမ္မႈ ပ်က္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ စြပ္စြဲခဲ့ၿပီး ဟစ္ဘုိလာကို ေထာက္ပံ့ေပးေနတဲ့ အီရန္ဟာ အာရပ္ႏုိင္ငံေတြရဲ႕ ျပည္တြင္းေရးကို စြက္ဖက္ဖို႔နဲ႔ ဖ်က္ဆီးဖို႔ လုပ္ေဆာင္ေနတယ္လုိ႔ စြပ္စြဲခဲ့ပါတယ္။  

ဝန္ႀကီးခ်ဳပ္ ဟာရီရီဟာ ဟစ္ဇ္ဘုိလာ အဖြဲ႔က လုပ္ႀကံသတ္ျဖတ္မွာကို စိုးရိမ္တဲ့အတြက္ ႏုတ္ထြက္ဖို႔ ေၾကညာခဲ့တာ ျဖစ္ေပမယ့္ အခု အဲဒီဆံုးျဖတ္ခ်က္ကို ျပန္စဥ္းစားမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရာထူးက နုတ်ထွက်မှုအပေါ် လက်ဘနွန်ဝန်ကြီးချုပ် ဟာရီရီ ပြန်စဉ်းစားမယ်

လက်ဘနွန် ဝန်ကြီးချုပ် ဆက်ဟာရီရီက သူအနေနဲ့ ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်ရေး ဆုံးဖြတ်ချက်တွေကို ပြန်စဉ်းစားသွားမယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ်ကို နုတ်မထွက်ဖို့ လက်ဘနွန်သမ္မတက တောင်းဆိုခဲ့ပြီးနောက် ဝန်ကြီးချုပ် ဟာရီရီဟာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဟာရီရီက နိုဝင်ဘာ ၄ ရက်နေ့မှာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိနေချိန် နိုင်ငံရေး တင်းမာမှုတွေကြောင့် ဝန်ကြီးချုပ်အဖြစ်က နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

ဝန်ကြီးချုပ် ဟာရီရီက လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ဟာ လက်ဘနွန်ကို တည်ငြိမ်မှု ပျက်အောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပြီး ဟစ်ဘိုလာကို ထောက်ပံ့ပေးနေတဲ့ အီရန်ဟာ အာရပ်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို စွက်ဖက်ဖို့နဲ့ ဖျက်ဆီးဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဝန်ကြီးချုပ် ဟာရီရီဟာ ဟစ်ဇ်ဘိုလာ အဖွဲ့က လုပ်ကြံသတ်ဖြတ်မှာကို စိုးရိမ်တဲ့အတွက် နုတ်ထွက်ဖို့ ကြေညာခဲ့တာ ဖြစ်ပေမယ့် အခု အဲဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)