
0
403




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နှစ် ၈ ထောင် သက်တမ်းရှိ ဝိုင်အိုးတွေ ဂျော်ဂျီယာမှာ တွေ့ရှိ

ဂျော်ဂျီယာနိုင်ငံ၊ ဘီလီစီမြို့ရှိ ဂျော်ဂျီယာအမျိုးသား ပြတိုက်မှာ ကမ္ဘာ့သက်တမ်း အရှည်ဆုံး ဝိုင်အိုးတွေကို ခင်းကျင်းပြသထားပါတယ်။ အဲ့ဒီဝိုင်အိုးတွေဟာ နှစ်ပေါင်း ၈ ထောင်ကျော် သက်တမ်းရှိနေပြီး ဝိုင်တွေထဲမှာ သက်တမ်းအရင့်ဆုံး ဖြစ်ပါတယ်။

ဝိုင်အိုးတွေကို ဘီလီစီမြို့ တောင်ပိုင်း မိုင် ၃၀ အကွာရှိ မြေနဲ့ဖုတ်ထားတဲ့ အိုးအစအနအပိုင်းတွေ တွေ့ရှိတဲ့နေရာကို တူးဖော်ခဲ့ရာက တွေ့ရှိခဲ့တာဖြစ်ပြီး ဝိုင်မှာတော့ ဓာတုဓာတ်နဲ့ အယ်ကိုဟောလ် ပါဝင်မှုနှုန်း မရှိတော့ဘူးလို့ သိပ္ပံ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

ဝိုင်စတင်ခဲ့တဲ့နေရာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇ ထောင်လောက်က အီရန်က စခဲ့တာလို့ အစောပိုင်းတုန်းက သတ်မှတ်ထားခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)