ကမာၻ႔အဝဆံုး အမ်ိဳးသား ဝိတ္ေလွ်ာ့ဖို႔ ခြဲစိတ္

0
425

မကၠဆီကိုႏိုင္ငံက ကိုယ္အေလးခ်ိန္ တန္ဝက္ရွိတဲ့ အဝလြန္ အမ်ိဳးသားတစ္ဦးဟာ  ဝိတ္က်ေစဖို႔ ခြဲစိတ္မႈေတြကို ဂြာဒါလာဂ်ာရာ ၿမိဳ႕မွာ မေန႔ ႏို၀င္ဘာ ၂၂ ရက္ေန႔က စတင္ျပဳလုပ္ခဲ့ပါတယ္။

ကမာၻ႔အဝဆံုးအမ်ဳိးသား အသက္ ၃၃ ႏွစ္အရြယ္ ဂ်ဴယန္ ေပဒ႐ို ဖရန္ကိုဟာ  ဒီႏွစ္ အေစာပို္င္းမွာ ေပါင္ခ်ိန္ ၁၃၁၁ ေပါင္ (၅၉၅ ကီလိုဂရမ္) ရွိေနတဲ့အတြက္ေၾကာင့္ သံုးလၾကာ ဝိတ္က်ေစမယ့္ အစားအစာေတြ စားၿပီးတဲ့ေနာက္ အခုလုိ ခြဲစိတ္မႈ စတင္ျပဳလုပ္တာ ျဖစ္ပါတယ္။

အခုခြဲစိတ္မႈမွာ အေလးခ်ိန္ ၁၇၅ ကီလုိကို ခြဲထုတ္တာ ျဖစ္ပါတယ္။ ခြဲစိတ္မႈ အျပည့္အဝ ေအာင္ျမင္ၿပီလို႔ မေျပာႏိုင္ေသးဘဲ တစ္နာရီၾကာ ခြဲထုတ္မႈအၿပီးမွာ ဖရန္ကိုဟာ ၇၂ နာရီၾကာ အထူးေစာင့္ၾကည့္မွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေမလကလည္း ေဆး႐ံုတက္ၿပီး ၅ လီတာေလာက္ က်ယ္ေနတဲ့ သူ႔အစာအိမ္ကို ခြဲစိတ္ၿပီး ခ်ံဳ႕ပစ္ခဲ့ပါေသးတယ္။ အဝလြန္တဲ့ ကိုယ္ခႏၶာ အေလးခ်ိန္ေၾကာင့္ အိပ္ယာေပၚမွာ ၇ ႏွစ္ေလာက္ ေနခဲ့ရၿပီး ဆယ္ေက်ာ္သက္ အရြယ္ကစကာ အဝလြန္ေဝဒနာကို ခံစားခဲ့ရတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာ့အဝဆုံး အမျိုးသား ဝိတ်လျှော့ဖို့ ခွဲစိတ်

မက္ကဆီကိုနိုင်ငံက ကိုယ်အလေးချိန် တန်ဝက်ရှိတဲ့ အဝလွန် အမျိုးသားတစ်ဦးဟာ ဝိတ်ကျစေဖို့ ခွဲစိတ်မှုတွေကို ဂွာဒါလာဂျာရာ မြို့မှာ မနေ့ နိုဝင်ဘာ ၂၂ ရက်နေ့က စတင်ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့အဝဆုံးအမျိုးသား အသက် ၃၃ နှစ်အရွယ် ဂျူယန် ပေဒရို ဖရန်ကိုဟာ ဒီနှစ် အစောပိ်ုင်းမှာ ပေါင်ချိန် ၁၃၁၁ ပေါင် (၅၉၅ ကီလိုဂရမ်) ရှိနေတဲ့အတွက်ကြောင့် သုံးလကြာ ဝိတ်ကျစေမယ့် အစားအစာတွေ စားပြီးတဲ့နောက် အခုလို ခွဲစိတ်မှု စတင်ပြုလုပ်တာ ဖြစ်ပါတယ်။

အခုခွဲစိတ်မှုမှာ အလေးချိန် ၁၇၅ ကီလိုကို ခွဲထုတ်တာ ဖြစ်ပါတယ်။ ခွဲစိတ်မှု အပြည့်အဝ အောင်မြင်ပြီလို့ မပြောနိုင်သေးဘဲ တစ်နာရီကြာ ခွဲထုတ်မှုအပြီးမှာ ဖရန်ကိုဟာ ၇၂ နာရီကြာ အထူးစောင့်ကြည့်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း ဆေးရုံတက်ပြီး ၅ လီတာလောက် ကျယ်နေတဲ့ သူ့အစာအိမ်ကို ခွဲစိတ်ပြီး ချုံ့ပစ်ခဲ့ပါသေးတယ်။ အဝလွန်တဲ့ ကိုယ်ခန္ဓာ အလေးချိန်ကြောင့် အိပ်ယာပေါ်မှာ ၇ နှစ်လောက် နေခဲ့ရပြီး ဆယ်ကျော်သက် အရွယ်ကစကာ အဝလွန်ဝေဒနာကို ခံစားခဲ့ရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)