မင္းသမီး ဂ်နီဖာေလာရင့္ ခ်စ္သူနဲ႔ လမ္းခြဲ

0
416

ေအာ္စကာဆုရ ကမာၻေက်ာ္ ေဟာလိဝုဒ္ သ႐ုပ္ေဆာင္ ဂ်နီဖာေလာရင့္နဲ႔ ဒါ႐ိုက္တာ ဒါရမ္ ေအ႐ိုေနာ႔ဖ္စကီး တုိ႔ရဲ႕ တစ္ႏွစ္ၾကာ အခ်စ္ဇာတ္လမ္း အဆံုးသတ္သြားၿပီ ျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္ အရြယ္ရွိ မင္းသမီးနဲ႔ အသက္ ၄၈ ႏွစ္ အရြယ္ရွိ ဒါ႐ိုက္တာတုိ႔ဟာ ေအာက္တုိဘာတည္းက လမ္းခြဲလုိက္တာ ျဖစ္တယ္လို႔ မီဒီယာေတြက ေဖာ္ျပခဲ့ေပမယ့္ စံုတြဲလုိက္ လူျမင္ကြင္းမွာ သြားလာလႈပ္ရွားမႈေတြ ရွိေနခဲ့ဖူးပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ နီးစပ္သူေတြက ေလာရင့္ဟာ ခ်စ္သူနဲ႔ လမ္းခြဲလိုက္ၿပီလို႔ ေျပာခဲ့ပါတယ္။  လမ္းခြဲလုိက္ေပမယ့္ ေလာရင့္နဲ႔ ဒါ႐ိုက္တာ ေအ႐ိုေနာဖ့္စကီးတုိ႔ဟာ မိတ္ေဆြေတြ ပံုစံမ်ိဳးနဲ႔ ဆက္ရွိသြားမယ္လုိ႔ ေလာရင့္နဲ႔ နီးစပ္သူေတြက ေျပာပါတယ္။ လမ္းခြဲလိုက္ရတဲ့ အေၾကာင္းနဲ႔ ပတ္သက္လို႔  အေသးစိတ္ ေဖာ္ျပတာ မရွိေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မင်းသမီး ဂျနီဖာလောရင့် ချစ်သူနဲ့ လမ်းခွဲ
အော်စကာဆုရ ကမ္ဘာကျော် ဟောလိဝုဒ် သရုပ်ဆောင် ဂျနီဖာလောရင့်နဲ့ ဒါရိုက်တာ ဒါရမ် အေရိုနော့ဖ်စကီး တို့ရဲ့ တစ်နှစ်ကြာ အချစ်ဇာတ်လမ်း အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

အသက် ၂၇ နှစ် အရွယ်ရှိ မင်းသမီးနဲ့ အသက် ၄၈ နှစ် အရွယ်ရှိ ဒါရိုက်တာတို့ဟာ အောက်တိုဘာတည်းက လမ်းခွဲလိုက်တာ ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် စုံတွဲလိုက် လူမြင်ကွင်းမှာ သွားလာလှုပ်ရှားမှုတွေ ရှိနေခဲ့ဖူးပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ နီးစပ်သူတွေက လောရင့်ဟာ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ ပြောခဲ့ပါတယ်။ လမ်းခွဲလိုက်ပေမယ့် လောရင့်နဲ့ ဒါရိုက်တာ အေရိုနောဖ့်စကီးတို့ဟာ မိတ်ဆွေတွေ ပုံစံမျိုးနဲ့ ဆက်ရှိသွားမယ်လို့ လောရင့်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ လမ်းခွဲလိုက်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ အသေးစိတ် ဖော်ပြတာ မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)