
0
434




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားအတွက် တောင်ကိုရီးယားက လူသားချင်းစာနာမှု အကူအညီပေးမယ်

တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ပေးသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီစဉ် (WFP) အုပ်ချုပ်မှုဒါရိုက်တာနဲ့ တွေဆုံဆွေးနွေးခဲ့ပါတယ်။

တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးက WFP ဒါရိုက်တာ ဒေးဗစ် ဘက်စလေနဲ့ တွေဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားက ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ အတွက် အဟာရ လိုအပ်ချက် ဖြည့်တင်းနိုင်ဖို့ အစားအစာတွေ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

ကူညီထောက်ပံ့မှုတွေကို WFP ကနေတဆင့် ပေးမှာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်း တန်းဖိုးရှိ အာဟာရ ဖြည့်တင်းနိုင်မယ့် အစားစာတွေ အကူညီပေးသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)