လူအစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္မႈနဲ႔ ေဘာ့စနီးယား တပ္မႉေဟာင္း မလာဒစ္ တစ္သက္တစ္ကြ်န္းက်

0
423

လူအစုလိုက္ အၿပံဳလိုက္ သတ္ျဖတ္ခဲ့ေၾကာင္း ျပစ္မႈထင္ရွားတဲ့အတြက္ ေဘာ့စနီးယား ဆာ့ဘ္ တပ္မႉးေဟာင္း ရက္တ္ကို မလာဒစ္ကို လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈနဲ႔ သည္ဟိဂ္ ကုလသမဂၢ ခံု႐ံုးက တစ္သက္တစ္ကြ်န္း ခ်မွတ္လိုက္ပါတယ္။

အခု အသက္ ၇၄ ႏွစ္ရွိၿပီျဖစ္တဲ့ မလာဒစ္ဟာ ေဘာ့စနီးယား ဆာ့ဘ္တပ္ဖြဲ႔ကို စစ္ဦးစီးခ်ဳပ္အျဖစ္ ၁၉၉၂ ခုႏွစ္ကေန ၁၉၉၆ ခုႏွစ္အထိ တာဝန္ယူခဲ့ပါတယ္။ ‘ေဘာ့စနီးယား သားသတ္သမား’ လို႔ သိၾကတဲ့ မလာဒစ္ဟာ ခံု႐ံုးမွာ စြဲဆိုခ်က္ ၁၁ ခုနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ မလာဒစ္ရဲ႕ ေရွ႕ေနကေတာ့ အယူခံဝင္မယ္လို႔ ေျပာပါတယ္။

ဆာရာေယဗိုမွာ မြတ္စလင္ အရပ္သား အမ်ိဳးသားနဲ႔ ေယာက်္ားေလးေတြကို အစုလိုက္အၿပံဳလိုက္ သတ္ျဖတ္ခဲ့တာ ျဖစ္ၿပီး ကုလသမဂၢ ဝန္ထမ္းကို ဓားစာခံအျဖစ္ ဖမ္းခဲ့ပါတယ္။ ၁၉၉၅ ခုႏွစ္မွာ မြတ္စလင္ အမ်ိဳးသားနဲ႔ ေယာက်္ားေလး ၈ ေထာင္ေက်ာ္ကို သတ္ျဖတ္ခဲ့ၿပီး ဆာယာေယဗိုၿမိဳ႕ကို သိမ္းစဥ္မွာလည္း လူ ၁ ေသာင္းေလာက္ ေသဆံုးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ဘော့စနီးယား တပ်မှူဟောင်း မလာဒစ် တစ်သက်တစ်ကျွန်းကျ

လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် ဘော့စနီးယား ဆာ့ဘ် တပ်မှူးဟောင်း ရက်တ်ကို မလာဒစ်ကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ သည်ဟိဂ် ကုလသမဂ္ဂ ခုံရုံးက တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။

အခု အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ မလာဒစ်ဟာ ဘော့စနီးယား ဆာ့ဘ်တပ်ဖွဲ့ကို စစ်ဦးစီးချုပ်အဖြစ် ၁၉၉၂ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ ‘ဘော့စနီးယား သားသတ်သမား’ လို့ သိကြတဲ့ မလာဒစ်ဟာ ခုံရုံးမှာ စွဲဆိုချက် ၁၁ ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မလာဒစ်ရဲ့ ရှေ့နေကတော့ အယူခံဝင်မယ်လို့ ပြောပါတယ်။

ဆာရာယေဗိုမှာ မွတ်စလင် အရပ်သား အမျိုးသားနဲ့ ယောကျာ်းလေးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ကုလသမဂ္ဂ ဝန်ထမ်းကို ဓားစာခံအဖြစ် ဖမ်းခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ မွတ်စလင် အမျိုးသားနဲ့ ယောကျာ်းလေး ၈ ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဆာယာယေဗိုမြို့ကို သိမ်းစဉ်မှာလည်း လူ ၁ သောင်းလောက် သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)