
0
364




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စက်ရုံအလုပ်ရုံတွေကို ဟက်ကာတွေ တိုက်ခိုက်လိမ့်မယ်လို့ အမေရိကန် သတိပေး

နျူကလီးယား စွမ်းအင်စက်ရုံ၊ စက်မှုလုပ်ငန်းတွေနဲ့ အများပြည်သူသုံး အခြေခံ အဆောက်အဦတွေကို အဆင့်မြင့် ဟက်ကာတွေက ပစ်မှတ်ထား တိုက်ခိုက်လိမ့်မယ်လို့ အမေရိကန် အစိုးရက ထူးထူးခြားခြား သတိပေးလိုက်ပါတယ်။

ပစ်မှတ်ထားတဲ့အထဲမှာ လေကြောင်းလိုင်း၊ ရေပေးဝေရေးစနစ်နဲ့ အရေးကြီး စက်ရုံတွေ ပါနိုင်တယ်လို့ ပြည်ထဲရေးနဲ့ FBI တို့ အောက်တိုဘာ ၂၀ ရက်နေ့က စက်မှုလုပ်ငန်းတွေဆီ ပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

ဟက်ကာတွေဟာ တချို့ လုပ်ငန်းတွေရဲ့ ကွန်ရက်ထဲကို အောင်မြင်စွာ ဝင်ရောက်နိုင်တယ်လို့ FBI က ပြောပေမယ့် ဘယ်လုပ်ငန်းတွေဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)