
0
359


 




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘာရိန်း တက်ကြွလှုပ်ရှားသူ အမျိုးသမီး ဖမ်းဆီးခံရမှုကနေ လွတ်မြောက်

ဘာရိန်းနိုင်ငံမှာ အတိုက်အခံတွေကို နှိမ်နင်းမှုအတွင်း ဖမ်းဆီးထားတဲ့ ဘာရိန်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးနဲ့ တခြား နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။

ဇူလိုင် ၃ ရက်နေ့ကတည်က ဖမ်းထားတဲ့ အီဘက်တီဆန် အယ်လ် ဆာယက်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဘာရိန်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အင်စတီကျုက ဒီနေ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ကြေညာပါတယ်။

အယ်လ် ဆေယက်ဟာ နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ခံရတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ပြောပါတယ်။

တခြား တက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်တဲ့ ရာဒီ အယ်လ် ကာတာရီနဲ့ မိုဟာမက် အယ်လ် ရှက်ခူရီတို့လည်း ပြန်လွှတ်လာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)