ကင္ဂ်ဳံအမ္ နဲ႔ ေဒၚနယ္ထရမ့္ ဟာ ကေလးေတြ ရန္ျဖစ္တာနဲ႔တူေနတယ္လို႔ ရုရွား ဝန္ႀကီးေျပာ

0
358

ရုရွားႏုိင္ငံျခားေရးဝန္ႀကီး က အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္တို႔ရဲ႕ အျပန္လွန္ စကားစစ္ထုိးမႈေတြ ဟာ ကေလးငယ္ေတြ ရန္ျဖစ္ေနတာနဲ႔ တူေနတယ္လုိ႔ ေဝဖန္လိုက္ပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံကိုဖ်က္ဆီးပစ္မယ္လုိ႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ကေျပာဆုိၿပီးေနာက္ ေျမာက္ကိုရီးယားေခါင္းေဆာင္က  စိတ္ပိုင္းဆိုင္ရာ ရူးသြပ္ေနတဲ့ သက္ႀကီးရြယ္အို ႀကီးျဖစ္တယ္လို႔ တံုျပန္ခဲ့ပါတယ္။

ရုရွားႏုိင္ငံျခားေရးဝန္ႀကီးဆာေဂး လာေရာဗ့္က ၂ ႏုိင္ငံစလံုးအေနနဲ႔ ရန္ေစာင္မႈေတြရပ္တန္႔ေစလိုတယ္လို႔ေျပာပါတယ္။ ေျမာက္ကိုရီးယား ႏုိင္ငံရဲ႕ ျပသာနာကို ႏုိင္ငံေရးနည္းလမ္းနဲ႔ေျဖရွင္းေစလိုၿပီး ကိုရီးယား ကၽြန္းဆြယ္မွာ စစ္ျဖစ္မႈ ကိုမလုိလားဘူးလို႔ ဝန္ႀကီး လာေရာဗ့္ကေျပာပါတယ္။

ႏုိင္ငံေရးနည္းလမ္းနဲ႔ေျဖရွင္းႏုိင္ဖုိ႔ ဟာ ကုလသမဂၢလံုျခံဳေရးေကာင္စီရဲ႕အဓိက  က႑ျဖစ္တယ္လို႔ ရုရွားႏုိင္ငံျခားေရးဝန္ႀကီးကေျပာပါတယ္။ ရုရွားႏုိင္ငံျခားေရးဝန္ႀကီးက ကင္ဂ်ဳံအမ္နဲ႔ ေဒၚနယ္ထရမ့္ဟာ ကေလးေတြ လို႔ စကားမ်ားရန္ၿဖစ္ေနၿပီး  ရပ္တန္႔မႈမရွိၾကဘူးလို႔         သံုးသပ္ေျပာဆုိခဲ့ပါတယ္။

 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကင်ဂျုံအမ် နဲ့ ဒေါ်နယ်ထရမ့် ဟာ ကလေးတွေ ရန်ဖြစ်တာနဲ့တူနေတယ်လို့ ရုရှား ဝန်ကြီးပြော

ရုရှားနိုင်ငံခြားရေးဝန်ကြီး က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်တို့ရဲ့ အပြန်လှန် စကားစစ်ထိုးမှုတွေ ဟာ ကလေးငယ်တွေ ရန်ဖြစ်နေတာနဲ့ တူနေတယ်လို့ ဝေဖန်လိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကိုဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကပြောဆိုပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင်က စိတ်ပိုင်းဆိုင်ရာ ရူးသွပ်နေတဲ့ သက်ကြီးရွယ်အို ကြီးဖြစ်တယ်လို့ တုံပြန်ခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေး လာရောဗ့်က ၂ နိုင်ငံစလုံးအနေနဲ့ ရန်စောင်မှုတွေရပ်တန့်စေလိုတယ်လို့ပြောပါတယ်။ မြောက်ကိုရီးယား နိုင်ငံရဲ့ ပြသာနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းစေလိုပြီး ကိုရီးယား ကျွန်းဆွယ်မှာ စစ်ဖြစ်မှု ကိုမလိုလားဘူးလို့ ဝန်ကြီး လာရောဗ့်ကပြောပါတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့ ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အဓိက ကဏ္ဍဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးက ကင်ဂျုံအမ်နဲ့ ဒေါ်နယ်ထရမ့်ဟာ ကလေးတွေ လို့ စကားများရန်ဖြစ်နေပြီး ရပ်တန့်မှုမရှိကြဘူးလို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)