
0
301






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယင်းလပ် ထွက်ပြေးလွတ်မြောက် အောင် ရဲအရာရှိ သုံးဦးကူညီပေးခဲ့

ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ထွက်ပြေးလွတ်မြောက်ဖို့ ရဲအရာရှိသုံးဦးက ကူညီပေးခဲ့တယ်လို့ ထိုင်း အစိုးရအဖွဲ့ ဒုတိယ ခေါင်းဆောင်ကပြောပါတယ်။
ယင်းလပ် ဟာအကျင့်ပျက်လာဘ်စားမှုတွေ နဲ့ စွဲချက်တင်ခံရပြီး အမှုကို တရားရုံးမှာ ရင်ဆိုင်နေချိန်အတွင်း ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။
ယင်းလပ် ဟာ အစိုးရ ရဲ့ ဆန်ဝယ်ယူရေးအစီစဉ်တွေမှာ လာဘ်စားမှုတွေရှိခဲ့တယ်ဆိုပြီး စွပ်စွဲခံရကာ စွပ်စွဲမှု မှန်ကန်ခဲ့မယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ပေးခံရဖွယ်ရှိနေပါတယ်။
ကမ္ဘောဒီးယားနယ်စပ်မှာ ယင်းလပ်ရဲ့ ကားကို သိမ်းဆည်းနိုင်ခဲ့ပြီး သူမ ဟာ တတိယ နိုင်ငံဆီထွက်ပြေးဖွယ်ရှိနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ယုံကြည်နေပါတယ်။
ထိုင်း ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ် က ရဲတွေ ဟာ ယင်းလပ် လွတ်မြောက်ကူညီပေးဖို့ အမိန့်ကို လက်ခံရရှိခဲ့ပြီး ကူညီပေးခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပေမယ့် ယင်းလပ်ကို ကူညီပေးဖို့ အမိန့်ပေးခဲ့သူကို ထုတ်ပြောတာမရှိခဲ့ပါဘူး၊

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)