
0
317

 







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားနိုင်ငံကို တရုတ်နိုင်ငံ ပိတ်ဆို့မှုတွေချမှတ်မယ်
တရုတ်နိုင်ငံ ဟာမြောက်ကိုရီးယား နိုင်ငံအပေါ် ရေနံထောက်ပံပေးနေတာ ကန့်သတ်မှုအပြင် မြောက်ကိုရီးယားနိုင်ငံ ဆီကနေ အထည်လိပ် ဝယ်နေတာကို ရပ်တန်ဖွယ့်ရှိနေပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ ဒုံးကျည်နဲ့ နျူကလီယားအစီစဉ်တွေအတွက် ကုလသမဂ္ဂ က ပိတ်ဆို့မှုချမှတ်ဖို့ တွန်းအားပေးနေချိန်မှာပဲ တရုတ်နိုင်ငံကမြောက်ကိုရီးယားကို ပိတ်ဆို့မှုလုပ်ဖို့ စီစဉ်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဟာမြောက်ကိုရီးယားနိုင်ငံအတွက် အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အထည်လိပ် ရောင်းချမှုတွေကို ရပ်တန့်လိုက်တာ ဟာမြောက်ကိုရီးယားရဲ့ ဝင်ငွေ ရရှိမှုကို ထိခိုက်မှာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ဟာ ပိတ်ပင်မှုတွေရှိနေတဲ့ကြားကနေ အ ခုလအစောပိုင်းကလည်း နျူကလီယား စမ်းသပ်မှုတွေထပ်မံလုပ်ဆောင်ခဲ့ပါတယ်။
ကုလသမဂ္ဂက မြောက်ကိုရီးယား ကို ပိတ်ဆို့အသစ်ချမှတ်ရာမှာလည်း ရေနံနဲ့ အထည်လိပ်ရောင်းချနေတာကို ပိတ်ပင်ဖို့ ပါဝင်ခဲ့ပါတယ်။
တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြောက်ကိုရီးယား နိုင်ငံ ဆီကနေ အထည်လိပ်ဝယ်ယူတာတွေနဲ့ ရေနံတင်ပို့တာတွေ ကန့်သတ်မှုတွေလုပ်မယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)