
0
327






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လန်ဒန်မှာ တက်တူး ပွဲတော်ကျင်းပ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မနေ့ စက်တင်ဘာ ၂၂ ရက်နေ့က ကျင်းပတဲ့ တက်တူးပွဲတော်မှာ လူပေါင်း ၁ သိန်းလောက် ပါဝင်ခဲ့ကြပါတယ်။

အဲ့ဒီပွဲတော်ကို ၃ ရက်ကြာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လန်ဒန် အရှေ့ပိုင်းမှာ ကျင်းပတဲ့ အဲ့ဒီပွဲတော်ကို တက်တူးမြတ်နိုးသူတွေနဲ့ တစ်ကမ္ဘာလုံးက တက်တူးပညာရှင် အယောက် ၄၀ဝ ကျော်တက်ရောက်ပါဝင်ခဲ့ပါတယ်။

သြစတြေးလျကပညာရှင်ကတော့ဒီလိုစုပေါင်းလှုပ်ရှားတာဟာပြောင်းလဲလာတဲ့ခေတ်နဲ့အညီတက်တူးဆိုင်ရာပညာတွေနဲ့ထိန်းသိမ်းစောင့်ရှောက်ချင်လို့ပါပဲလို့ ပြော ပါတယ်။

ဒီပွဲမှာ လာရောက် တက်တူးထိုးသူတွေကတော့ တက်တူးပညာရှင် ၄၀ဝ ကျော်ထဲကမှ သူတို့အကြိုက် ဆုံး ပြည်တွင်းပြည်ပက ပညာရှင်တွေနဲ့ ထိုးခဲ့ကျပါတယ်။

ဒီလို တက်တူးပွဲတော်ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က လာရောက်လည်ပတ်သူ ၂၅၀ဝ၀ လာရောက်လည် ပတ်ခဲ့ပြီး ဒီနှစ်ကိုတော့ အရင်နှစ်ကထပ် ပိုမိုများပြားလာဖို့ ပွဲတည်ထောင်သူတွေက မျှော်လင့်နေကြ ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)