မာလီမှာ နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ သမ္မတ ငါးဦး သွားရောက်

0
171

ဒေသတွင်းကို မတည်မငြိမ် ဖြစ်စေတဲ့ မာလီနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အနောက်အာဖရိက ငါးနိုင်ငံက သမ္မတတွေ မာလီနိုင်ငံကို သွားရောက်နေပါတယ်။

အိုင်ဗရီကို့စ် သမ္မတ အလက်ဆာနီ ကွက်တာရာနဲ့ အတူ ဆီနီဂေါ သမ္မတ၊ နိုင်ဂျီးရီးယား သမ္မတ၊ ဂါနာ သမ္မတနဲ့ နိုင်ဂျာသမ္မတတို့ မာလီမြို့တော် ဘာမာကိုသို့ ဒီနေ့ ဇူလိုင်လ ၂၃ ရက်မှာ ရောက်ရှိပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့က လူ ၁၀ ဦး သေဆုံးတဲ့ အတိုက်အခံတွေအပေါ် နှိမ်နင်းမှုကို အေးဆေးငြိမ်သက်ကြဖို့ မေတ္တာရပ်ခံနေတဲ့ ဘာသာရေးခေါင်းဆောင် မာမွတ် ဒစ်ကိုနဲ့လည်း သမ္မတတွေက တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့ အနောက် အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့အစည်းမှာ မာလီ သမ္မတ အီဘရာဟင် ဘော်ဘာကာ ကီတာကို အတိုက်အခံတွေပါဝင်တဲ့ ညီညွတ်သောအစိုးရဖွဲ့ဖို့ တိုက်တွန်းခဲ့ပြီးနောက် အခုလို သမ္မတ ငါးဦး လာရောက်တာပါ။
အတိုက်အခံဘက်က လက်မခံဘဲ အသက် ၇၅ နှစ်အရွယ် အရွယ်ရှိပြီဖြစ်တဲ့ သမ္မတကိုသာ ဖြုတ်ချဖို့ အစီအစဉ် ရှိပါတယ်။

သမျမတ ကီတာဟာ မကှာသေးခငြ လတှကစေပှီး အဈစလာမြ သူပုနတြှကေို မနှိမနြငြးနိုငမြှု၊ ပှီးခဲ့တဲ့ မတလြက ပါလီမနြ ရှေးကောကပြှဲ အငှငြးပှားကှောင့ြ နိုငငြံရေးတငြးမာမှု၊ ကိုရိုနာဗိုငြးရပဈြ ဖှဈပှားမှု ပိုဆိုးလာနမှေုတှနေဲ့ ပတသြကပြှီး နိုငငြံတဈဝနြး ဆနျဒပှမှုတှနေဲ့ ရငဆြိုငနြရပေါတယြ။

__________________

__________________

မာလီမှာ နိုငျငံရေးပွူနာ ဖွရှေငျးဖို့ သမ်မတ ငါးဦး သှားရောကျ

ဒေသတွင်းကို မတည်မငြိမ် ဖြစ်စေတဲ့ မာလီနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အနောက်အာဖရိက ငါးနိုင်ငံက သမ္မတတွေ မာလီနိုင်ငံကို သွားရောက်နေပါတယ်။

အိုင်ဗရီကို့စ် သမ္မတ အလက်ဆာနီ ကွက်တာရာနဲ့ အတူ ဆီနီဂေါ သမ္မတ၊ နိုင်ဂျီးရီးယား သမ္မတ၊ ဂါနာ သမ္မတနဲ့ နိုင်ဂျာသမ္မတတို့ မာလီမြို့တော် ဘာမာကိုသို့ ဒီနေ့ ဇူလိုင်လ ၂၃ ရက်မှာ ရောက်ရှိပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့က လူ ၁၀ ဦး သေဆုံးတဲ့ အတိုက်အခံတွေအပေါ် နှိမ်နင်းမှုကို အေးဆေးငြိမ်သက်ကြဖို့ မေတ္တာရပ်ခံနေတဲ့ ဘာသာရေးခေါင်းဆောင် မာမွတ် ဒစ်ကိုနဲ့လည်း သမ္မတတွေက တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့ အနောက် အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့အစည်းမှာ မာလီ သမ္မတ အီဘရာဟင် ဘော်ဘာကာ ကီတာကို အတိုက်အခံတွေပါဝင်တဲ့ ညီညွတ်သောအစိုးရဖွဲ့ဖို့ တိုက်တွန်းခဲ့ပြီးနောက် အခုလို သမ္မတ ငါးဦး လာရောက်တာပါ။ အတိုက်အခံဘက်က လက်မခံဘဲ အသက် ၇၅ နှစ်အရွယ် အရွယ်ရှိပြီဖြစ်တဲ့ သမ္မတကိုသာ ဖြုတ်ချဖို့ အစီအစဉ် ရှိပါတယ်။ သမ္မတ ကီတာဟာ မကြာသေးခင် လတွေကစပြီး အစ္စလာမ် သူပုန်တွေကို မနှိမ်နင်းနိုင်မှု၊ ပြီးခဲ့တဲ့ မတ်လက ပါလီမန် ရွေးကောက်ပွဲ အငြင်းပွားကြောင့် နိုင်ငံရေးတင်းမာမှု၊ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ပိုဆိုးလာနေမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)