
0
357




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟာဇက်အတွက်ပေါင် ၁၅၀ သန်းရရင်တောင် ရောင်းမှာမဟုတ်

ချဲလ်ဆီးအသင်းက ကွင်းလယ်လူ ဟာဇက်အတွက် ပြောင်းရွှေ့ကြေးပေါင် ၁၅၀ သန်းရမယ်ဆိုရင် တောင် ရောင်းမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ ဟာဇက်ကိုရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ပေါ် နေချိန်မှာ ချဲလ်ဆီးက အခုလိုမျိုးပြောလိုက်တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဟာဇက်ကို အခုနွေရာသီမှာ ရီးရဲမက်ဒရစ် အသင်းကို ပြောင်းနိုင်အောင် အသင်းကနေထွက်ဖို့ တွန်းအားပေးကြိုးပမ်းမှာ မဟုတ်ကြောင်း ယုံကြည်နေပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ဟာဇက်ဟာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ရစေမယ့် စာချုပ်သစ် ချုပ်ဆိုရေးကို ငြင်းဆန်ထားပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)