သမ္မတအိမ်ဖြူအနီးရှိ အင်ဒရူး ဂျက်ဆင် ရုပ်တု ဖြိုလှဲဖို့ ကြိုးပမ်းမှု ရဲက တားဆီး

0
342

အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီ၊ သမ္မတအိမ်ဖြူအနီးရှိ သမ္မတဟောင်း အင်ဒရူး ဂျက်ဆင် ရုပ်တုကို ဖြိုလှဲဖို့ ကြိုးပမ်းတဲ့ ဆန္ဒပြသူတွေအား ရဲက တားဆီးခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ငရုတ်ရည်လို အရည်တွေ ပက်ဖြန်းပြီး ဆန္ဒပြသူတွေကို ရုပ်တုအနီးကနေ ဝေးဝေးကို မောင်းထုတ်ခဲ့ပါတယ်။ ဆန္ဒပြသူတချို့ဟာ သတ္တမမြောက် အမေရိကန် သမ္မတ မြင်းစီးနေတဲ့ ရုပ်တုပေါ် တက်ရောက်ကာ ကြိုးတွေနဲ့ တုပ်ဆိုင်းပြီး ဖြိုလှဲဖို့ ကြိုးပမ်းခဲ့ကြတာပါ။

သမ္မတ အင်ဒရူး ဂျက်ဆင်ရုပ်တုဟာ သမ္မတအိမ်ဖြူ မြောက်ဘက်ရှိ လာဖေးယက် ရင်ပြင်အလယ်မှာ ရှိပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို နောက်ပြန်ဆုတ်ခိုင်းနိုင်ခဲ့လို့ ရုပ်တုကတော့ ဖြိုလှဲမခံရပါဘူး။

အမေရိကန် သမ္မတတွေထဲမှာ သမ္မတ ဂျက်ဆင်ဟာ စစ်ပွဲ သူရဲကောင်း ဗိုလ်ချုပ်အဖြစ် ပညာရှင်တွေက အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ သူ့ရုပ်ပုံကို အမေရိကန် ဒေါ်လာ ၂၀ တန်ငွေစက္ကူမှာလည်း ထည့်သွင်းရိုက်နှိပ်ထားပါတယ်။

ဂကွဆြငဟြာ အမရေိကကနေ အငဒြီယနြးတှရေဲ့ ဌာနဘေိုးဘှားတှကေို မောငြးထုတဖြယရြှားခဲ့သူ ဖှဈပါတယြ။ ဒီအတှကြ သူ့သဆေုံးပှီးနောကြ အခုလို ဂုဏပြှုသင့သြလားဆိုတဲ့ကိဈစ ဖှဈပေါလြာတာပါ။ သမျမတ ထရမ့ကြတော့ ဂကွဆြငကြို အထူး ကှညညြိုသူဖှဈပှီး ဘဲဥပုံရုံးခနလြးမှာ ဂကွဆြငရြဲ့ ပုံတူကို ခွိတဆြှဲထားပါတယြ။


___________________

___________________


အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီ၊ သမ္မတအိမ်ဖြူအနီးရှိ သမ္မတဟောင်း အင်ဒရူး ဂျက်ဆင် ရုပ်တုကို ဖြိုလှဲဖို့ ကြိုးပမ်းတဲ့ ဆန္ဒပြသူတွေအား ရဲက တားဆီးခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ငရုတ်ရည်လို အရည်တွေ ပက်ဖြန်းပြီး ဆန္ဒပြသူတွေကို ရုပ်တုအနီးကနေ ဝေးဝေးကို မောင်းထုတ်ခဲ့ပါတယ်။ ဆန္ဒပြသူတချို့ဟာ သတ္တမမြောက် အမေရိကန် သမ္မတ မြင်းစီးနေတဲ့ ရုပ်တုပေါ် တက်ရောက်ကာ ကြိုးတွေနဲ့ တုပ်ဆိုင်းပြီး ဖြိုလှဲဖို့ ကြိုးပမ်းခဲ့ကြတာပါ။ 

သမ္မတ အင်ဒရူး ဂျက်ဆင်ရုပ်တုဟာ သမ္မတအိမ်ဖြူ မြောက်ဘက်ရှိ လာဖေးယက် ရင်ပြင်အလယ်မှာ ရှိပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို နောက်ပြန်ဆုတ်ခိုင်းနိုင်ခဲ့လို့ ရုပ်တုကတော့ ဖြိုလှဲမခံရပါဘူး။

အမေရိကန် သမ္မတတွေထဲမှာ သမ္မတ ဂျက်ဆင်ဟာ စစ်ပွဲ သူရဲကောင်း ဗိုလ်ချုပ်အဖြစ် ပညာရှင်တွေက အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ သူ့ရုပ်ပုံကို အမေရိကန် ဒေါ်လာ ၂၀ တန်ငွေစက္ကူမှာလည်း ထည့်သွင်းရိုက်နှိပ်ထားပါတယ်။


အာဖရိကန်-အမေရိကန် ဂျော့ဂျ် ဖလွိုက်ကို ရဲက ချုပ်နှောင်ဖမ်းဆီးစဉ် လက်လွန်သေဆုံးမှုက စခဲ့တဲ့ လူမျိုးရေး ခွဲခြားမှု ဆန္ဒပြပွဲတွေဟာ သမိုင်းကြောင်းအရ အငြင်းပွားဖွယ်ရှိတဲ့ ရုပ်တုတွေ ဖြိုလှဲမှု၊ ဖျက်ဆီးမှု၊ ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ တခြားနိုင်ငံတွေအထိ ပြန့်နှံ့နေပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)