၁၅ နှစ်အရွယ် မိန်းကလေးက ကျန်းမာရေး မကောင်းတဲ့ ဖခင်ကို မိုင် ၇၄၀ ကျော် စက်ဘီးနင်းပြီး အိမ်ပြန်ခေါ်လာ

0
283

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ် ကျေးရွာတစ်ရွာက အသက် ၁၅ နှစ်အရွယ် မိန်းကလေးဟာ ကျန်းမာရေး မကောင်းတဲ့ သူ့ဖခင်ကို ၇၄၅ မိုင်ကျော် စက်ဘီးနဲ့ တင်နင်းပြီး အိမ်ကို ပြန်လည် ခေါ်ဆောင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၊ ဟာယာနာပြည်နယ်၊ ဂူရ်ဂါအွန်ကနေ ဘီယာပြည်နယ်၊ ဒါဘာဂါရှိ မိသားစုရှိရာ ကျေးရွားအထိ မိုင် ၇၄၅ မိုင် (ကီလိုမီတာ ၁၂၀၀) ခရီးအကွာအဝေးကို ဂျိုတီ ကုမာရီဆိုသူ မိန်းကလေးက ဖခင်ကို နောက်ခုံမှာတင်ကာ တစ်ရက်ကို ၆၂ မိုင် (ကီလိုမီတာ ၁၀၀) နှုန်းနဲ့ စက်ဘီးတင်နင်းပြီး ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။

သူ့ဖခင် မိုဟန် ပတ်စဝမ်ဟာ ဆိုက်ကားနင်းသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက မတော်တဆမှုဖြစ်ခဲ့ကာ အလုပ်ဆက် မလုပ်နိုင်တော့ပါဘူး။ ဂျိုတီဟာ ဖခင်ကို ပြုစုဖို့ ဂူရ်ဂါအွန်ကို ရောက်လာပေမယ့် စားဝတ်နေရေး ရပ်တည်လို့ မရတာကြောင့် အိမ်ပြန်ခေါ်သွားဖို့ ဂျိုတီက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အိန္ဒိယမှာ ခရီးလမ်းပန်း ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားလို့ စက်ဘီးနင်းပြီး ပြန်ကြရတာပါ။

၁၀ ရက်ကြာ စက်ဘီးနင်းလာပြီးတဲ့နောက် ဇာတိကျေးရွာကို ဂျိုတီနဲ့ ဖခင် မိုဟန်တို့ မေလ ၁၇ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။ လမ်းခရီးမှာ ထရပ်ကားသမားက ခရီးတိုလေး တစ်ခုပဲ သူတို့ကို လမ်းကြုံ တင်ခေါ်ခဲ့ပါတယ်။

ဂျိုတီဆိုတာ သက္ကတဘာသာနဲ့ “အလင်းရောင်” လို့ အဓိပ္ပာယ် ရပါတယ်။ အခု သူ့ကျေးရွာ အသိုင်းအဝိုင်းမှာတော့ ဂျိုတီဟာ တခြားသူတွေအတွက် အားတက်စရာ အလင်းရောင် ဖြစ်နေပါတယ်။

၇၄၅ မိုင်ခရီးမှာ ဖခင်ကို နောက်ကတင်ပြီး စက်ဘီးခရီးနှင်ခဲ့တဲ့ မိန်းကလေးငယ် ဂျိုတီရဲ့ အစွမ်းအစကို အသိအမှတ် မပြုဘဲ မနေနိုင်ကြပါဘူး။ အိန္ဒိယ စက်ဘီးအဖွဲ့ချုပ် (ICF) က ဂျိုတီကို ဒေလီမြို့မှာရှိတဲ့ အကယ်ဒမီကျောင်းတစ်ခုမှာ ဝင်ခွင့်ဖြေဖို့ ဖိတ်ခေါ်ထားပါတယ်။ ဂျိုတီ့ အနာဂတ်ကတော့ စက်ဘီး အားကစားသမားဖြစ်ဖို့ လမ်းစပွင့်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အသွားအလာ တင်းကျပ်ထားမှုတွေကို အစိုးရက ဖြေလျှော့ပေးနေပေမယ့် အလုပ်လက်မဲ့ ပြည်တွင်းရွှေ့ပြောင်း လုပ်သားတွေကတော့ မြို့ကြီးတွေကို စွန့်ခွာပြီး ဌာနေ ကျေးလက်ဒေသတွေကို ခြေလျင်တစ်မျိုး၊ ရရာ ယာဉ်နဲ့ တစ်ဖုံ မိုင်ပေါင်းများစွာကို ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ ဒီအထဲမှာ ဂျိုတီတို့ သားအဖဖြစ်ရပ်ကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမီး အီဗန်ကာ ထရမ့်ကလည်း ဒီသတင်းကို သတိပြုမိပြီး Twitter လူမှုကွန်ရက်မှာ ဂျိုတီကို ချီကျူးရေးသားထားပါတယ်။

_________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)