အတွင်းခံပဲဝတ်တဲ့ ရုရှားသူနာပြုကို အလုပ်ဆိုင်းငံ့၊ ကျန်းမာရေး ဝန်ထမ်းတွေက သူနာပြုကို ထောက်ခံ

0
1802

အတွင်းခံနဲ့ အကာအကွယ်ဝတ်စုံအကြည်ကို ဝတ်တဲ့ ရုရှားသူနာပြုကို ဆေးရုံက အလုပ်ဆိုင်းငံ့ထားမှုအပေါ် ရုရှားဆရာဝန်တွေနဲ့ နိုင်ငံရေးသမားတစ်ဦးက သူနာပြုဘက်က ရပ်တည် ကာကွယ် ပြောဆိုခဲ့ကြပါတယ်။

“သူနာပြုအပေါ်မှာ ဘယ်လို စည်းမျဉ်းစည်းကမ်း နည်းနာတွေမှ မချမှတ်သင့်ပါဘူး၊ ဒီသူနာပြု မိန်းကလေးကို အပြစ်ပေးစရာ အကြောင်းမရှိပါဘူး၊ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” လို့ ယူနိုက်တက် ရုရှားပါတီက ပါတီဝင် ဗီတာလေ မီလိုနော့ဗ်က ပြောပါတယ်။

အတွင်းခံနဲ့ အကာအကွယ် ဝတ်စုံအကြည်ကို ဝတ်ဆင်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ သူနာပြုကတော့ အသက် ၂၃ နှစ်အရွယ် နာဒီယာ ဖြစ်ပြီး တူလာ ဒေသန္တရ ဆေးရုံက သူ့ကို ‘လိုအပ်တဲ့ ဆေးဝတ်စုံကို မဝတ်ဆင်ခဲ့မှု’ နဲ့ အလုပ်ကနေ ဆိုင်းငံ့ထားတာပါ။

PPE ဝတ်စုံကနေ အထဲကို ဖောက်မြင်မယ်လို့ သူက သတိမပြုမိခဲ့ကြောင်း၊ ခေါင်းကနေ ခြေဖျားအထိ PPE ဝတ်စုံဝတ်ထားရတာ ပူလွန်းလို့ အဝတ်တွေချွတ်ပြီး အတွင်းခံပဲဝတ်ကာ PPE ဝတ်စုံကို ဝတ်ခဲ့တာ ဖြစ်ကြောင်း သူနာပြု နာဒီယာက ဆေးရုံ မန်နေဂျာတွေကို ဖြေရှင်းပါတယ်။

ဆရာဝန်များ မဟာမိတ်အဖွဲ့က အကြီးအကဲ ဒေါက်တာ အန်နာစတာရှာ ဗာစီလီယေဗာကလည်း သူတို့အနေနဲ့ နာဒီယာအပေါ်ကို အရေးယူတာကို ဆန့်ကျင်ကြောင်း ပြောပါတယ်။ သူနာပြုကိုပေးတဲ့ ဖောက်မြင်ရတဲ့ PPE ဝတ်စုံအကြည်ကသာ ပြဿနာ ဖြစ်ကြောင်း၊ ကျွန်မတို့ဟာ သူနာပြုက အတွင်းခံပဲ ဝတ်ထားတာကို အာရုံစိုက်ဖို့ မလိုဘဲ ထုတ်ပေးတဲ့ PPE ဝတ်စုံက စံသတ်မှတ်နဲ့ မညီတာကိုသာ အာရုံစိုက်ရမှာလို့ ဒေါက်တာ ဗာစီလီယေဗာက ပြောပါတယ်။

_________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)