ဂျော်ဂျီယာမှာ COVID-19 ရောဂါကူးနေတယ်လို့ လိမ်လည်သူ အရေးယူခံရ

0
203

အမေရိကန် ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမှာ COVID-19 ရောဂါ ကူးစက်နေတယ်လို့ အလုပ်ရှင်ကို လိမ်လည်ပြောဆိုတဲ့ အမျိုးသားတစ်ဦးကို အရေးယူထားတယ်လို့ ဖက်ဒရယ်ရှေ့နေတွေက ပြောပါတယ်။

မော်ရိုးမြို့မှာ နေထိုင်တဲ့ ဆန်တောင်း အန်တိုနီယို ဒေးဗစ် (၃၄ နှစ်) ဟာ အတ္တလန်တာ ဧရိယာရှိ Fortune 500 ကုမ္ပဏီမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ သူဟာ ကုမ္ပဏီကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း ဆေးထောက်ခံစာ အတု တင်ပြခဲ့လို့ အလုပ်သမားတွေနဲ့ ဖောက်သည်တွေအတွက် စိုးရိမ်တာကြောင့် ကုမ္ပဏီကို ပိတ်ကာ သန့်ရှင်းရေး လုပ်ခဲ့ရပြီး ကုမ္ပဏီ ပိတ်ထားစဉ် အလုပ်သမားတွေကိုလည်း လုပ်ခ ဆက်ပေးနေခဲ့ရပါတယ်။

ဒေးဗစ်ရဲ့ ဆေးစာအတုကြောင့် ကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၁ သိန်းကျော် နစ်နာခဲ့ပြီး မလိုအပ်ဘဲ ဝန်ထမ်းများစွာကိုလည်း quarantine လုပ်ခဲ့ရတယ်လို့ အစိုးရ ရှေ့နေရုံးက ပြောပါတယ်။ အခုလို ရောဂါကူးစက်ကြောင်း လိမ်ညာမှုကြောင့် ကုမ္ပဏီဟာ စီးပွားရေးအရလည်း ဆုံးရှုံးသလို အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုတွေကိုလည်း ဖိစီးမှုတွေ ဖြစ်စေခဲ့တယ်လို့ အစိုးရရှေ့နေ ဘိုင်ယန် ပက်ခ်က ပြောပါတယ်။

ကုမ္ပဏီက ဒေးဗစ်ကို အကြိမ်ကြိမ်ဆက်သွယ်ပြီး ဆေးထောက်ခံစာအပြင် COVID-19 အတည်ပြု ဆေးစာ မိတ္တူ တောင်းခဲ့ပေမယ့် ဒေးဗစ်က ပေးပို့ခြင်း မရှိခဲ့ပါဘူး။

ဒေးဗစ်ကလည်း သူလိမ်ညာခဲ့ကြောင်း ရှေ့နေရုံးကို ဝန်ခံခဲ့ပါတယ်။ လောလောဆယ်မှာ ဒေးဗစ်ကို အာမခံကြေး အမေရိကန် ဒေါ်လာ ၁ သောင်းခွဲနဲ့ ပြန်လွှတ်ထားပါတယ်။

_______________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)