တရုတ်မှာ မေ ၂၂ ရက်နေ့က COVID-19 ဖြစ်ပွားမှု မရှိ၊ ကပ်ရောဂါ စကတည်းက ပထမဆုံးအကြိမ် ဖြစ်

0
174

တရုတ်နိုင်ငံမှာ မေလ ၂၂ ရက်နေ့က COVID-19 ရောဂါ ဖြစ်ပွားမှုအသစ် မတွေ့ရှိရတဲ့အတွက် ကပ်ရောဂါ စဖြစ်ကတည်းက တစ်နိုင်ငံလုံးမှာ ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မတွေ့ရှိရတာ ဖြစ်ပါတယ်။

မေလ ၂၁ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ် လေးခုတွေ့ပေမယ့် မေလ ၂၂ ရက်နေ့မှာ ရောဂါကူးစက်မှု အသစ် မတွေ့ရှိရဘူးလို့ တရုတ် အမျိုးသားကျန်းမာရေး ကော်မရှင် (NHC) က သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် သံသယလူနာ နှစ်ဦးတော့ရှိပြီး တစ်ဦးက ရှန်ဟိုင်းက ဖြစ်ပြီး နောက်တစ်ဦးကတော့ ကျိလင်ပြည်နယ်က ဖြစ်ပါတယ်။

မေလ ၂၁ ရက်နေ့က လက္ခဏာမပြဘဲ ရောဂါသယ်ဆောင်သူ ဦးရေဟာ ၂၅ ဦးကနေ ၂၈ ဦးကို ကျဆင်းခဲ့ကြောင်းလည်း NHC က ပြောပါတယ်။

တရုတ်နိုင်ငံမှာ မတ်လကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရှိန်နဲ့ ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံတစ်ဝန်း ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် လူတွေ သွားလာလှုပ်ရှားမှုကို ကန့်သတ်တာကလည်း ကူးစက်မှု လျော့ကျစေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

__________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)