ပါကစ္စတန် ခရီးသည်တင် လေယာဉ်ပျက်ကျမှု ၉၇ ဦးသေ၊ နှစ်ဦး အသက်ရှင်

0
178

ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်း (PIA) ခရီးသည်တင် လေယာဉ်တစ်စီး မေလ ၂၂ ရက်နေ့က လာဟိုးကနေ ပျံသန်းလာပြီးနောက် ကရာချိမြို့က လူနေရပ်ကွက်ပေါ် ပျက်ကျမှုမှာ လေယာဉ်ပေါ်ပါ လူ ၉၇ ဦး သေဆုံးပြီး နှစ်ဦး အသက်ရှင်တယ်လို့ ပါကစ္စတန် ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

PIA ခရီးသည်တင် လေယာဉ်ဟာ ဆင်းသက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီးနောက် ဂျင်းနား နိုင်ငံတကာ လေဆိပ်အနီး လူနေရပ်ကွက်ထဲကို ပျက်ကျခဲ့တာပါ။ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေရဲ့ အလောင်းတွေကို ရှာဖွေရေတွက်နေပြီး ၁၉ ဦးကိုတော့ ဘယ်သူဘယ်ဝါ ခွဲခြားနိုင်ပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၉၁ ဦးနဲ့ လေယာဉ်အမှုထမ်း ရှစ်ဦးပါတယ်လို့ ဒီနေ့ အတည်ပြုပြီး မနေ့က လေယာဉ်ပျက်ကျစဉ်ကတော့ လေယာဉ်ပေါ် ပါသူဟာ ၁၀၇ ဦး ဖြစ်တယ်လို့လည်း ကနဦး ပြောတာ ရှိပါတယ်။

ဆင်းဒ်ပြည်နယ် ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ မီရန် ယူဆွတ်ကတော့ အသက်ရှင်သူ နှစ်ဦးရှိပြီး ဇူဘေယာနဲ့ ဇာဖာ မာဆွတ်ဖြစ်ကြောင်း၊ ဇူဘေယာက ခန္ဓာကိုယ်မှာ ၃၅ ရာခိုင်နှုန်း လောင်ကျွမ်းပြီး ကရာချိ ပြည်သူ့ဆေးရုံမှာ ဖြစ်ကြောင်း၊ ဇာဖာ မာဆွတ်ဟာ ပန်ဂျပ်ဘဏ်ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အရိုးကျိုးမှု လေးခုဖြစ်ကာ ဒါရူလ် ဆီဟတ် ဆေးရုံမှာ ဖြစ်ကြောင်း၊ နှစ်ဦးစလုံး အခြေအနေကောင်းကြောင်း ပြောပါတယ်။

လေယာဉ်ပျက်ကျရာ လူနေရပ်ကွက်ထဲက အနည်းဆုံး လူ ၁၁ ဦးလည်း ဒဏ်ရာရရှိသွားခဲ့ပြီး အခြေအနေ မစိုးရိမ်ရဘူးလို့ မီရန်က ပြောပါတယ်။

ပါကစ္စတန် အစိုးရက COVID-19 ကြောင့် ရပ်တန့်ထားတဲ့ ခရီးသည်တင်လေယာဉ် ပျံသန်းပြေးဆွဲမှုတွေကို ပြန်ဖွင့်ခွင့်ပေးလိုက်ပြီး နောက်တစ်ရက်မှာ အခုလို လေယာဉ်ပျက်ကျမှု ဖြစ်ပွားတာပါ။

__________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)