ဘုရားကျောင်းတွေ ပြန်ဖွင့်ဖို့ သမ္မတ ထရမ့် ပြော

0
183

ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ တခြား ဘာသာရေး ဝတ်ပြုကျောင်းတွေ ပြန်ဖွင့်ကြဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောဆိုလိုက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကလည်း ဘာသာရေးဝတ်ပြုကျောင်းတွေ ပြန်ဖွင့်ခွင့်ပေးဖို့ ပြောလိုက်ပါတယ်။

ဝတ်ပြုကျောင်းတွေဖြစ်တဲ့ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဂျူးဘုရားကျောင်းတွေ၊ ဗလီတွေဟာ ဝတ်ပြုဖို့ အရေးပါတဲ့ အထူးနေရာတွေ ဖြစ်ကြောင်း သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ဘာသာရေး ဝတ်ပြုကျောင်းတွေ ပြန်ဖွင့်ဖို့ သူပြောသလို မလိုက်နာရင် သူက လွှမ်းမိုးကျော်လွန်လုပ်ဆောင်မယ်လို့လည်း သမ္မတ ထရမ့်က ပြောပါတယ်။

ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး ဌာနကလည်း ဘုရားကျောင်းတွေ၊ ဝတ်ပြုကျောင်းတွေ ပြန်ဖွင့်မယ်ဆိုရင် ခပ်ခွာခွာ နေဖို့ အပါအဝင် စုဝေးရမယ့် လူဦးရေ အရေအတွက် စတာတွေ ပါဝင်တဲ့ လမ်းညွှန်မူကြမ်းကို ပြင်ဆင်နေပါတယ်။ ဒါပေမယ့် လမ်းညွှန်ထုတ်ပြန်ဖို့က နှောင့်နှေးနေတာ တစ်လကျော် ကြာပြီ ဖြစ်ပါတယ်။

တချို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အရက်ဆိုင်နဲ့ ကိုယ်ဝန်ဖျက်ချတဲ့ ဆေးခန်းတွေကျတော့ ပြန်ဖွင့်ဖို့ အဓိက ကျတယ်ထင်နေပြီး ဘုရားကျောင်းတွေကျတော့ အရေးပါတယ် မထင်ဘူးလို့လည်း သမ္မတ ထရမ့်က ဝေဖန်ခဲ့ပါတယ်။

ဘာသာရေး ဝတ်ပြုကျောင်းတွေဟာ လူ့အဖွဲ့အစည်းကို အတူတူရှိစေပြီး လူတွေကို ညီညွတ်စေမှာဖြစ်ကြောင်း၊ လူတွေက ခရစ်ဘုရားကျောင်းသွားဖို့၊ ဂျူးဘုရားကျောင်းတက်ဖို့၊ ဗလီတက်ဖို့ တောင်းဆိုနေကြကြောင်းလည်း သမ္မတ ထရမ့်က ပြောပါတယ်။

_________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)