၂၀၁၆- ၂၀၁၇ မှာ လီဗြောင်ဟွန်းကို ကျော်တက်သွားတဲ့ ဂေါင်ယိုး

0
392

Train to Busan ရုပ်ရှင်ဇာတ်ကားနဲ့ တောင်ကိုရီးယား ပြည်တွင်းသာမက ပြည်ပနိုင်ငံများအထိ အောင်မြင်မှု များစွာကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ သရုပ်ဆောင် ဂေါင်ယိုးဟာ လတ်တလောမှာတော့ တောင်ကိုရီးယား ထိပ်တန်း သရုပ်ဆောင်စာရင်းမှာ ထိပ်ဆုံးနေရာကို ရယူပိုင်ဆိုင်သွားပါပြီ။

ပရိသတ်အားပေးမှု အများဆုံး သရုပ်ဆောင်တွေကို Korea Reputation Center က စစ်တမ်း ကောက်ယူပြီးနောက် အဲဒီလို သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ယခင်နှစ်များမှာတော့ ထိပ်ဆုံးနေရာကို လီဗြောင်ဟွန်းက ပိုင်ဆိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဂေါင်ယိုးက ရရှိသွားပြီလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂေါင်ယိုး ပါဝင် သရုပ်ဆောင်ထားတဲ့ Guardian: The Lonely and Great God (မှင်စာချစ်သူ) ရုပ်သံ ဇာတ်လမ်းဟာလည်း DramaFever Awards ဆုပေးပွဲမှ ချီးမြှင့်တဲ့ အနုပညာ ထူးချွန်ဆုများကိုလည်း ရရှိခဲ့ပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ်မှာ ထိပ်ဆုံးနေရာကို ရရှိထားတဲ့ ဂေါင်ယိုးဟာ တောင်ကိုရီးယား Edition အဖြစ် ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဟောင်ကောင် အပါအ၀င် အာရှဒေသ ၁၀ နိုင်ငံကို ဖြန့်ချိနေတဲ့ Esquire မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အဖြစ် ဇွန်လအတွက် သရုပ်ဆောင်ထားပါတယ်။

ဂေါင်ယိုးဟာ ဒီလို အနုပညာသြဇာ ကြီးမားတဲ့ မဂ္ဂဇင်းမှာ ပထမဦးဆုံး အကြိမ်အဖြစ် ပါဝင်သရုပ်ဆောင်ခွင့် ရခြင်းပါ။ ဇွန်လမှာ ဖြန့်ချိမယ့် Esquire မဂ္ဂဇင်းမှာ ဂေါင်ယိုးဟာ သူရဲ့ အနုပညာ၊ သူရဲ့ ဘ၀ဇတ်ကြောင်းတွေကို လေးနက်စွာ အင်တာဗျူးဖြေဆိုထားတဲ့ အကြောင်းတွေလည်း ပါဝင်ထားပါတယ်။

ဂေါင်ယိုး ခေါ် ဂေါင်ဂျီချူးလ်ဟာ ကျန်ဟီးတက္ကသိုလ်ကနေ ပြဇာတ်ဘာသာရပ်နဲ့ B.A ဘွဲ့ ရရှိပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ မင့်ရုပ်သံချယ်နယ်မှာ အနုပညာတင်ဆက်သူအဖြစ် စတင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ရုပ်သံစီးရီးမှာ စတင် ပါဝင်ခဲ့ပါတယ်။

ဂေါင်ယိုးဟာ ဇာတ်ရံအဖြစ်လည်း ပြဇာတ်နဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ကာ ဂီတ အစီအစဉ် တင်ဆက်သူအဖြစ်လည်း လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၈ ကနေ ၂၀၀၉ အထိ စစ်မှုထမ်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)