တောင်ကိုရီးယားကို နမှုနာယူပြီး အမေရိကန်သမ္မတ ထရန့်ကို ဖယ်ရှားနိုင်

0
233

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတဟောင်း ပတ်ခ်ဂွန်ဟေးကို လနဲ့ချီတဲ့ပြည်သူ့ဆန္ဒပြပွဲတွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပါလီမန်ဆိုင်ရာ မေးမြန်းမှုတွေ ပြုလုပ်ခဲ့တာကို နမှုနာယူပြီး အမေရိကန်နိုင်ငံမှာ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ သမ္မတဒေါ်နယ်လ်ထရန့်ကို ဖယ်ရှားနိုင်ကြောင်း တောင်ကိုရီးယား အွန်လိုင်း သုံးစွဲသူတွေက အကြံပြုရေးသားနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ အတွင်းမှာ အာဏာစတင်ရယူခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတထရန့်ဟာ ပထမဆုံးအကြိမ် အရှေ့အလယ်ပိုင်းနဲ့ ဥရောပကို ခရီးထွက်နေပြီး သူ့ကို ရှုထောင့်ပေါင်းစုံကနေ ဝေဖန်တိုက်ခိုက်တာ ခံနေရပါတယ်။

သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး သူပေးခဲ့တဲ့ မှတ်ချက်စကားတွေကို အမေရိကန် အခြေခံ လူတန်းစားတွေက ဝေဖန်ကန့်ကွက်ပြောဆိုနေကြပါတယ်။

ဒါ့အပြင် လူမျိုးရေးခွဲခြားပြီး မွတ်စလင်နိုင်ငံအချို့ကလူတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ တရားမ၀င် ၀င်ရောက်သူတွေကိုတားဆီးဖို့ မက္ကဆီကို နယ်စပ်မှာ တံတိုင်းကာတာတွေကိုလည်း ဝေဖန်နေကြပါတယ်။

ဒီလအစောပိုင်းမှာ အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး ဂျိမ်းကွန်နေးကို ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း ကွန်ဂရက်မှာ စိုးရိမ်ပူပန်နေသူတွေ အတော်များ နေပါတယ်။ ရုရှားသံတမန်ကို ထိပ်တန်းလျှို့ဝှက်ချက် ပေါက်ကြားစေမှု၊ သမ္မတရွေးကောက်ပွဲ ကာလအအတွင်းမှာ ရုရှားနဲ့ပူးပေါင်းမှုတွေ ဖြစ်နိုင်ချေ ရှိတယ်ဆိုပြီး ဂျိမ်းကွန်နေးကို မစ္စတာထရန့်က တာဝန်ကနေ ရပ်စဲလိုက်တာဖြစ်ပါတယ်။

နောက်ထပ်တစ်ဦးက တော့ သွေးမြေမကျဘဲ သမ္မတကိုဖယ်ရှားတဲ့နည်းစနစ်ဖြစ်လို့ ၀ယ်လိုအားမြင့်မားမှုအပေါ်မှုတည်ပြီး ဒေါ်လာ ၁ ဘီလျံနဲ့ရောင်းချရ မယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)