မန်ချက်စတာ ဗုံးကွဲမှု အပြီး အထွေထွေရွေးကောက်ပွဲ မဲဆွယ်မှု ဆိုင်းငံ့

0
314

မန်ချက်စတာ အရီနာမှာ ကျင်းပတဲ့ ဂီတဖျော်ဖြေပွဲမှာ ၂၂ ဦး သေဆုံးတဲ့ ဗုံးကွဲမှုအပြီး ဗြိတိန် အထွေထွေ ရွေးကောက်ပွဲ မဲဆွယ်မှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

စကော့တလန် ပထမ ဝန်ကြီး မစ္စ နီကိုလာ စတာဂျီယွန်က မန်ချက်စတာ သတင်းဟာ ရင်ကွဲစရာဖြစ်ပြီး ရိုင်းစိုင်းတဲ့ တိုက်ခိုက်မှုလို့ သူမရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ ရေးခဲ့ပါတယ်။

၂၂ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရတဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ မစ္စ နီကိုလာ စတာဂျီယွန်က စကော့တလန် အစိုးရရဲ့ ပြန်လည် ထူထောင်ရေးကော်မတီ၊ ရဲတပ်ဖွဲ့တို့နဲ့ အစည်းအဝေးထိုင်ပြီး နောက်ဆုံးရ အချက်အလက်တွေကို စုစည်းနေပါတယ်။

နိုင်ငံရေး ပါတီတွေက ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် အမတ်လောင်းတွေကလည်း သက်ဆိုင်ရာ ဒေသတွေမှာ ကျင်းပဖို့ ရှိတဲ့ မဲဆွယ်ပွဲနဲ့ အခမ်းအနားတွေကို ဖျက်သိမ်းကြောင်း လူမှုကွန်ရက် မီဒီယာတွေကနေ ကြေညာကြပါတယ်။

ဝန်ကြီးချုပ် ထရီဆာမေကလည်း ဒီနေ့ မေလ ၂၃ ရက်နေ့ လန်ဒန်မှာ အထူးအရေးပေါ် အစည်းအဝေး ထိုင်နေပါတယ်။ လေဘာပါတီ ခေါင်းဆောင် ဂျယ်ရယ်မီ ကော်ဘင်ကလည်း မန်ချက်စတာ တိုက်ခိုက်မှုကြောင့် ထိတ်လန့်မိကြောင်းနဲ့ မန်ချက်စတာ မြို့တော်ဝန် အန်ဒီ ဘန်းဟမ်းက သူ့ဆီကို အခြေအနေ ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ အပြည့်အစုံ အစီရင် ခံပြီးပြီလို့ ပြောဆိုပါတယ်။

လစ်ဘရယ် ဒီမိုကရက် ခေါင်းဆောင် တင်မ် ဖာရွန်ကလည်း တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)