ဖယ်ရှားခံရတဲ့သမ္မတ ရုံးတင်စစ်ဆေးမှု တောင်ကိုရီးယားမှာ စတင်

0
270

နိုင်ငံရေးလောကမှာ ဂုဏ်သိက္ခာကျဆင်းမှုရဲ့ နောက်ဆုံးအဆင့်အဖြစ် ပတ်ခ်ဂွန်ဟေးကို အကျင့်ပျက်ချစားမှုအတွက် ရုံးတင် စစ်ဆေးမှု စတင်ခဲ့ပြီး သမ္မတဟောင်းက သူ့မှာအပြစ်မရှိကြောင်း လျှောက်လွှဲခဲ့ပါတယ်။

နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားစေမှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ လာဘ်ယူမှုအပါအ၀င် စွဲချက်များစွာကို မစ္စပတ်ခ်ဂွန်ဟေး ရင်ဆိုင်ရမှာဖြစ်ပါတယ်။
မတ်လအတွင်းက ဖမ်းဆီးခံခဲ့ရတဲ့ ပတ်ခ်ဟာ ပထမဆုံးအကြိမ်လူမြင်ကွင်းကိုထွက်ရာမှာ လက်ထိပ်ခတ်ခံထားရပြီး တရားရုံးကို ကားနဲ့ သွားရောက်ခဲ့ရပါတယ်။

အကျင့်ပျက်ချစားမှုအတွက် တောင်ကိုရီးယားနိုင်ငံရဲ့ပြစ်ဒဏ်ကတော့ ထောင်ဒဏ်တသက်တကျွန်းဖြစ်ပါတယ်။
နိုင်ငံရေးအရ အာဏာသုံးပြီးမျက်နှာသာပေးမှုရစေဖို့ ဆမ်ဆောင်းအပါအ၀င် စီးပွားရေးကုမ္ပဏီကြီးတွေရဲ့ လာဘ်ထိုးမှုကို သူငယ်ချင်းဖြစ်သူ ချောင်ဆွန်စီးလ်နဲ့ ပေါင်းပြီး ယူခဲ့တယ်တယ်လို့ ပတ်ခ်ဂွန်ဟေးကို စွပ်စွဲနေတာဖြစ်ပါတယ်။

မစ္စချောင်ဆွန်စီးလ်ကို ပတ်ခ်ဂွန်ဟေးနဲ့အတူ တရားရုံးထုတ်ခဲ့တာဖြစ်ပြီး သူမကလည်း အပြစ်မရှိကြောင်းလျှောက်လွှဲခဲ့ပါတယ်။
ပတ်ခ်ဂွန်ဟေးရဲ့ရှေ့နေတွေကတော့ သမ္မတဟောင်းအနေနဲ့ သူကိုယ်တိုင်သုံးလို့မရမယ့် ဖောင်ဒေးရှင်းတွေကို လှူဒါန်းဖို့ လုပ်ငန်းရှင်တွေကို အင်အားသုံး လုပ်ဆောင်ဖို့ ဘာအကြောင်းမှ မရှိခဲ့ပါဘူးလို့ လျှောက်လွှဲခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)