မန်ချက်စတာ ကဇာတ်ရုံပေါက်ကွဲမှု လူ ၂၂ ဦးသေဆုံးပြီး ၅၉ ဦး ဒဏ်ရာရ

0
276

အကြမ်းဖက်တိုက်ခိုက်မှုလို့ ယူဆရတဲ့ ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ ကဇာတ်ရုံ ပေါက်ကွဲမှုကြောင့် လူ ၂၂ ဦးသေဆုံးခဲ့ပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။

အမေရိကန်အဆိုတော် အရိန်နာဂရန့်ဒ် သီဆိုနေချိန် တနင်္လာည ၁၀ နာရီ ၃၅ မိနစ်မှာ အဆိုပါပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အခုတိုက်ခိုက်မှုဟာ အင်မတန်ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုဖြစ်တယ်လို့ ၀န်ကြီးချုပ် ထရီဆာ မေက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခင်းဖြစ်ပွားတဲ့နေရာမှာ ဒဏ်ရာရရှိသူတွေကို ပြုစုပေးခဲ့တဲ့ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဗုံးဒဏ်ရာတွေဖြစ်တယ်လို့ ယူဆကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ သူနာပြုယာဉ်သမားတွေရဲ့ပြောကြားချက်အရ ထိခိုက်ဒဏ်ရာရရှိသူ ၅၉ ဦးရှိပြီး လမ်းလျှောက်နိုင်သေးတဲ့ ဒဏ်ရာရရှိသူတွေလည်း ရှိကြောင်း သိရှိရပါတယ်။

ဝန်ကြီးချုပ်က ကွန်ဆာဗေးတစ် ပါတီမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုကို ခေတ္တရပ်ဆိုင်းလိုက်ပြီး အဆိုပါတိုက်ခိုက်မှုအပေါ်တုံ့ပြန်မှုပြုလုပ်ဖို့အတွက် အရေးပေါ်အစည်းအဝေး ခေါ်ယူလိုက်ပါတယ်။

ဒါ့အပြင် ထိခိုက်နစ်နာခဲ့သူတွေအတွက်လည်း များစွာစိတ်မကောင်းဖြစ်ကြောင်း ၀န်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့ပါတယ်။
ထိပ်တန်းအကြမ်းဖက် တုံ့ပြန်လှုပ်ရှားရေးအရာရှိတွေ လန်ဒန်မှာ စုစည်းနေပြီး အစီအစဉ်ရေးဆွဲနေကြောင်းလည်း သိရှိရပါတယ်။

အတည်ပြုချက်မရသေးတဲ့ သတင်းတွေအရ အဆိုပါတိုက်ခိုက်မှုဟာ အသေခံဗုံးခွဲမှုဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ အဆိုတော် အရိန်နာဂရန်သီဆိုပြီး စင်ပေါ်က ထွက်ခွာချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)