အိန္ဒိယက ရှေးနာဂများ

0
382

နာဂ တိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံအပြင် နယ်စပ်ချင်းထိနေတဲ့ အိန္ဒိယဘက်မှာလည်း ရှိပါတယ်။ အိန္ဒိယမှာရှိတဲ့ နာဂလန်းဒေသက နာဂတွေဟာ ရှေးပုံစံအတိုင်း နေထိုင်နေဆဲ ဖြစ်ပါတယ်။

ဆေးမှင်ထိုးထားတဲ့ နာဂတွေဟာ ရန်သူတော်တွေကို သတ်ဖြတ်ထားတဲ့ လူ့အရိုးခေါင်းတွေကို နေအိမ်မှာ ဂုဏ်ယူစွာ ခင်းကျင်းပြသထားဆဲ ဖြစ်ပါတယ်။ ရန်သူ ခေါင်းတစ်လုံးကို ဖြတ်နိုင်ရင် ဂုဏ်ပြုတဲ့အနေနဲ့ ဆေးမှင် ထိုးပေးတာ ခံရပါတယ်။

ဂုဏ်ပြု ဆေးမှင်တွေကို မျက်နှာနဲ့ ရင်ဘတ်တွေမှာ ထိုးပေးပါတယ်။ နာဂတွေဟာ ဘိန်းလည်း ရှူပါတယ်။

ဗြိတိသျှ ဓာတ်ပုံဆရာ ပိ (တ်) အောက်စဖို့ဒ်က နာဂလန်း ဒေသကို သွားရောက်ပြီး ရှေးနာဂတွေကို မှတ်တမ်းတင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)