ဟာဗေး ဝိန်းစတိန်း COVID-19 ကူးစက်ခံထားရ

0
112

လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ဟောလိဝုဒ် ရုပ်ရှင် ထုတ်လုပ်သူ သူဌေးကြီး ဟာဗေး ဝိန်းစတိန်းဟာ COVID-19 ရောဂါပိုး ကူးစက်ခံထားရတယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။

ဝိန်းစတိန် (၆၈ နှစ်) ဟာ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရပြီး နယူးယောက်  မြောက်ပိုင်းရှိ ထောင်မှာ အကျဉ်းကျ ခံနေရပါတယ်။ သူ့မှာ ခိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း မတ်လ ၂၂ ရက်နေ့က စမ်းသပ်တွေ့ရှိခဲ့ရတာပါ။ ဝိန်းစတိန်းရဲ့ ပြောခွင့်ရသူနဲ့ နယူးယောက် အကျဉ်းဦးစီးဌာနကတော့ မှတ်ချက် တစ်စုံတရာပေးခြင်း မရှိပါဘူး။

အင်ဂျလီနာ ဂျိုလီနဲ့ ဆယ်လ်မာ ဟေးယက် အပါအဝင် အမျိုးသမီး ၉၀ နီးပါးက အော်စကာဆုရှင် ဝိန်းစတိန်းကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားမှုတွေနဲ့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

လူတွေ ပြည့်ကြပ်နေတဲ့ အမေရိကန် ထောင်တွေဟာ ခိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ မြင့်မားနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရစ်ကာ အကျဉ်းထောင်နဲ့ နယူးယောက် စင်စင် အကျဉ်းထောင်တို့က အစောင့်ဝန်ထမ်းတွေမှာ ခိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း စစ်ဆေး တွေ့ရှိရပါတယ်။   

ဟာဗေး ဝိနျးစတိနျး COVID-19 ကူးစကျခံထားရ

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)