ကမ္ဘောဒီးယားမှာ လူ့အခွင့်အရေး လှုပ်ရှားသူကို ပစ်သတ်သူ ထောက်တစ်သက်တစ်ကျွန်း ချမှတ်ခံရ

0
271

ကမ္ဘောဒီယားအစိုးရကို ဝေဖန်လေ့ရှိတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ တရားခံကို တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။

ကမ်လေ လို့ ခေါ်တဲ့ အသက် ၄၆ နှစ်အရွယ် ကမ္ဘောဒီးယား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူဟာ မနှစ်က နေ့ခင်းကြောင်တောင် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို လုပ်ကြံ သတ်ဖြတ်ခဲ့သူကတော့ ချုပ်ဆောန်လပ်ပ် လို့ ခေါ်တဲ့ ခမာနီ စစ်သားဟောင်းတစ်ဦး ဖြစ်ပါတယ်။

တရားခံရဲ့ ထွက်ဆိုချက်အရ ကမ်လေဟာ သူ့ကို ဒေါ်လာ ၃၀၀၀ အကြွေးပေးစရာ ရှိနေပြီး အဲဒီငွေကြေး အရှုပ်အရှင်းတွေကြောင့် သတ်ပစ်ခဲ့ရတာ ဖြစ်တယ်လို့ ထွက်ဆိုပါတယ်။

အဲဒီ ထွက်ဆိုချက်အပေါ် ကမ်လေရဲ့ ဆွေမျိုးတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တချို့က အငြင်းပွားမှုတွေလည်း ရှိနေပြီး ကမ်လေရဲ့ မိသားစုတွေရဲ့ ပြောဆိုချက်အရ ကမ်လေဆီမှာ အကြွေးပေးစရာ ဘာမှမရှိဘူး လို့ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)