တစ်ဦးတစ်ဖက်က ရပ်တည်ခြင်းဟာ စစ်အေးတိုက်ပွဲဆီ ဦးတည်စေတယ်လို့ တရုတ်ဝန်ကြီးချုပ်ပြော

0
274

တရုတ်အနေနဲ့ ငြိမ်းချမ်းရေးကိုသာ လိုလားပြီး နောက်ထပ် စစ်အေးတိုက်ပွဲတစ်ခုကိုလည်း မမြင်တွေ့လိုဘူးလို့ တရုတ်ဝန်ကြီးချုပ် လီခတ်ချမ်းက သူသြစတြေးလျကို ရောက်ရှိနေစဉ်မှာ ပြောဆိုလိုက်ပါတယ်။

တရုတ်ဝန်ကြီးချုပ်ဟာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာ က ပါလီမန်မှာ အခုလို ပြောဆိုလိုက်တာဖြစ်ပြီး တခြားနိုင်ငံတွေအနေနဲ့ နိုင်ငံတစ်နိုင်ငံဖက်မှာ ရပ်တည် နေတာမျိုးကို မမြင်တွေ့လိုဘဲ တရုတ်နိုင်ငံဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို တန်ဖိုးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

တရုတ်နိုင်ငံဟာ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေပြီး မိမိနိုင်ငံရဲ့ ဖွံ့ဖြိုးရေးကို ကိုယ့်ပုံစံနဲ့ကိုယ် လုပ်ဆောင်နေတာဖြစ်ကြောင်းလည်း ဆက်လက်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ သြစတြေးလျ နိုင်ငံအပေါ်မှာလည်း လေးစားမှုရှိပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်သွားဖို့ ခိုင်မာတဲ့ မူဝါဒကို ထားရှိတယ် လို့လည်း ဆိုပါတယ်။

တရုတ်ဝန်ကြီးချုပ်ကို သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွမ်တန်ဘူးလ်က လာရောက် ကြိုဆိုခဲ့ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဘယ်လို ထိန်းသိမ်း ကိုင်တွယ်မလဲ ဆိုတာကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)